(၇၈)နှစ် မြောက် တပ်မတော်နေ့အထိမ်းအမှတ် မာရသွန်အပြေးပြိုင်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်၊အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) (သုဝဏ္ဏ)မုဒ်ဦးဝမှာ ယနေ့ မတ် ၂၅ ရက်၊ မနက် ၆ နာရီကကျင်းပခဲ့တယ်လို သိရပါတယ်။
အဆိုပါ မာရသွန်ပြိုင်ပွဲမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ ကြီးမှူးကျင်းပတာဖြစ်ပြီး မိုက်ခရိုမာရသွန်နဲ့ (၅)ကီလို အမျိုးသားအမျိုးသမီး ပြိုင်ပွဲဆိုပြီး ကျင်းပခဲ့တာဖြစ်တယ်လို ဆိုပါတယ်။
မိုက်ခရိုမာရသွန်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် (၁၃၅၀)ဦးပါယှဥ်ပြိုင်ခဲ့ပြီး (၅)ကီလိုမာရသွန်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် အမျိုးသား၊အမျိုးသမီး (၃၀၀)ဦး ပါဝင်ခဲ့တာကြောင့် စုစုပေါင်း ၁၆၅၀ ဦး တိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်တယ်လို သိရပါတယ်။




