Al-Tanf မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကနေတဆင့် အကြမ်းဖက်သမားတွေကို လက်နက်တပ်ဆင်ပေးခြင်းတွေအပြင် ရုရှားနဲ့ အီရန်စစ်ဘက်အရာရှိတွေကို ပြန်ပေးဆွဲဖို့အထိပါ စီစဉ်ထားတယ်လို ဆိုပါတယ်။ အစီရင်ခံမှာ ပါဝင်ခဲ့တဲ့ အခြားသော အချက်အလက်တွေကတော့ –
- ဆီးရီးယားက Homs ပြည်နယ်မှာရှိတဲ့ Al-Tanf အမေရိကန်အခြေစိုက်စခန်းကနေ IS ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို ညှိနှိင်းဆောင်ရွက်ခြင်း
- အမေရိကန်ဟာ စက်သေနတ်အကြီးစားတွေ၊ Igla MANPADS ၊ TOW နဲ့ NLAW ATGMs၊ pickup ထရပ်ကားတွေကို ဆီးရီးယားက အစ္စလာမ္မစ်တွေဆီ လွှပြောင်းပေးအပ်သွားမှာပါ။
- ကန်စစ်တပ်ရဲ့ ဗဟိုကွပ်ကဲမှုအဖွဲကိုယ်စားလှယ်တွေဟာ ဆိးရီးယားအာဏာပိုင်တွေကို ဆန့်ကျင်တဲ့ အရေးကြီးဆုံးစစ်ဆင်ရေးတွေကို စီစဉ်ရာမှာ ပါဝင်ခဲ့ကြပါတယ်။
- ဆီးရီးယားအနောက်တောင်ဘက်၊ အလယ်ပိုင်းနဲ့ ယူဖရေးတီးစ်အရှေ့ဘက်မှာ ရန်လိုမုန်းတီးမှုတွေကို လှုံ့ဆော်ဖိုအတွက်လုပ်ဆောင်နေပါတယ်။