










နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းတွေရှိနေပေမယ့်လည်း ဘာသာရေးကို လက်မနှေးတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တစ်ခုမှာ လုပ်တဲ့ ရှင်လောင်းအပါး ၁၀၈ ပါးကို ရှင်ပြုပေးတဲ့ အလှူမင်္ဂလာပွဲပါ။
အဲ့ဒီဒေသမှာ PDF တွေ မရှိတော့ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ မရှိလို လုပ်ရတာဖြစ်မယ်။
မိမိရဲ့သားတွေကို ရှင်ပြုပတယ်ဆိုတာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာမှာ မိဘတိုင်းက အမွန်အမြတ်ထားကြတဲ့ ရိုးရာဓလေ့တစ်ခုပါ။
တိုက်ပွဲတွေ မရှိတဲ့နေရာ တစ်နည်းအားဖြင့် PDF တွေ မရှိတဲ့နေရာမှာတော့ မိဘတွေက သူတိုသားတွေကို ရှင်ပြုပေးနိုင်တယ်။
ဒါနဲ့ယှဉ်ကြည့်လိုက်ရင် အညာဒေသနဲ့ တခြားစစ်ဖြစ်နေတဲ့ ဒေသတွေက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာလူမျိုးမိဘတွေအတွက် ကြေကွဲစရာ ကောင်းပါတယ်။
ကိုယ့်သားသမီးတွေကို ခုလိုအချိန်မှာ အကြီးအကျယ် ရှင်ပြုပေးနေရမယ့်အစား စဉ်းစားနိုင်မှုအားနည်းနေတဲ့အတွက် PDF ထဲ ထည့်ပေးလိုက်ရပြီး အလကား လူငယ်တွေရဲ့ အသက်ကို ဖြုန်းတီးနေကြတယ်
အဲ့ဒီလိုမျိုးပွဲကြီးသာ မြန်မာပြည်ရဲ့ ကျန်တဲ့နေရာမှာ လုပ်ကြည့်ပါလား
ဗုဒ္ဓဘာသာကိုးကွယ်တဲ့ PDF အကြမ်းဖက်သမားတွေနဲ့
လိုင်းပေါ်က နီပိတ်တွေကို ကြောက်နေရမယ်။
ခုကျတော့ ဘာသံမှမထွက်ရဲတာ အံ့ဩစရာတော့ မဟုတ်ဘူး
မသာအိမ်မှာ ဖဲနိုင်တဲ့သူကပျော်တာ မဟုတ်ပဲ
မိစ္ဆာမရှိတဲ့နေရာ သူတော်ကောင်းတွေ ပျော်ကြတာ မဆန်းပါဘူး