မကြာခင်ကျရောက်တော့မည့် သင်္ကြန်ပိတ်ရက်ကာလအတွင်း ရှမ်းပြည်နယ်ဘက်ကို ခရီးထွက်မည့်သူတွေ များပြားနေသလို ဟိုတယ်တွေမှာ ကြိုတင်ဘိုကင် ယူထားမှုတွေလည်း များပြားနေတယ်လို ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောဆိုကြောင်း CNI သတင်းဌာနက ဖော်ပြထားပါတယ်။
လက်ရှိမှာ ကလော၊ တောင်ကြီး၊ ကျောက်မဲ၊ လားရှိး၊ မူဆယ်၊ လောက်ကိုင်မြိုတို၌ ဟိုတယ်တွေမှာ ကြိုတင် ဘိုကင်ယူထားမှု များပြားနေတာဖြစ်ပြီး အချိုဟိုတယ်ကြီးတွေမှာ ဘိုကင်ယူထားမှုမှာ ပြည့်နေလို အခန်းတောင်မရှိတော့ဘူးလို ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ဒီနှစ်သင်္ကြန်အတွက် ရေကစားမဏ္ဍပ်တွေအပြင် လမ်းလျှောက်သင်္ကြန်နဲ့ အခြားသော အစီအစဉ်များပါလုပ်ဆောင်ဖို သက်ဆိုင်ရာ အာဏာပိုင်တွေက ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို သိရပါတယ်။