
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လာမည့် သင်္ကြန် ၄ ရက်အတွက် မဏ္ဍပ်များတည်ဆောက်ကာ အနုပညာရှင်များဖြင့် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို ပြောသည်။
သင်္ကြန်ပိတ်ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းသို ခရီးသွားများ ပိုမိုဝင်ရောက်စေရန်အတွက် ဖျော်ဖြေရေး မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များ ပြုလုပ်ရန် စီစဉ်ထားပြီး အနုပညာရှင်များအား ငှားရမ်းကာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။