


အကျဉ်းသား ၁၅ ဦးခန့်သည် အိပ်ဆောင်များရှိ လှေကားသစ်သား လက်ရန်းတန်းများကိုချိုးဖျက်၍ လက်နက်အဖြစ်အသုံးပြုခြင်း၊ ဝန်ထမ်းများအား အကြမ်းဖက် တိုက်ခိုက်ရန်မူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အိပ်ဆောင်ဝန်းအနောက်ဘက်မှတစ်ဆင့် အုတ်ရိုးကျော် တက်ထွက်ပြေးရန် ကြိုးစားခဲ့ကြရာ တာဝန်ကျဝန်ထမ်းများက အကြမ်းဖက်မှုများမပြုလုပ်ရန် ဖြောင်းဖျပြောဆိုခြင်း၊ မျှော်စင်တာဝန်ကျဝန်ထမ်းမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အကျဉ်းသားများသည် နာခံမှုမရှိဘဲ အော်ဟစ်ပြီး CCTV ကြိုးများ ဖျက်ဆီးခြင်း၊ ဆိုလာဓာတ်မီးတိုင်အား ဖျက်ဆီးခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ခဲများဖြင့် အစောင့် ဝန်ထမ်းများအား ပစ်ပေါက်တိုက်ခိုက်ခြင်းများထပ်မံပြုလုပ်ခဲ့ကြသည်။
အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသားတစ်ဦး မှာ သေဆုံးခဲ့ကာ အကျဉ်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့တဘ်လို့သိရပါတယ်။