မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေဦးမြို့နယ်၊ ချောင်းဦးကျေးရွာအနီးတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပြီး PDF အလောင်း ၂ လောင်း နှင့် လက်လုပ်သေနတ် ၂ လက်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါသည်။
ဆုတ်ခွာထွက်ပြေးသွားသော PDF များနောက်သို့ လိုက်လံရှင်းလင်းခဲ့ရာ လေးရွာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့်
- လက်လုပ်သေနတ် —-၆ လက်
- လက်လုပ်မိုင်း —–၇ လုံး
- လက်လုပ်အာပီဂျီ —–၁ လက်
- ဆားကစ်ပြား —–၃၀ ခု
- ဒီတိုနေတာ —–၁၅ ချောင်း
- ၁၂ ဗို့ဘတ္ထရီ —-၉ လုံး
- နိုင်လွန်ကြိုး —-၂ ခွေ
- အိုင်ကွန်အားသွင်းခုံ —၅ ခု
- ဝရိန်ပုံး —-၁ ပုံး
- သံဖြတ်စက်—– ၁ လုံး
- သံဖောက်စက် —–၁ လုံး
- ယမ်းမှုန့် —–၂ ထုပ်
- ပြောက်ကျားယူနီဖောင်း—- ၈ စုံ
- NLD အင်္ကျီ—- ၁ ထည်
- PDF အင်္ကျီ —-၁ ထည်
- ကား —-၁ စီး
- ဆိုင်ကယ်မျိုးစုံ —၉ စီးတို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါတယ်။



