လယ်ယာစိုက်ပျိုးရေးတွင် သီးနှံများ အထွက်တိုးတက်စေရေးအတွက် မြေဆီလွှာသည် အလွန်အရေးကြီးသည်။ မြေဆီလွှာအာဟာရဓာတ်ပြည့်ဝမှသာ သီးနှံများ အထွက်တိုးမည်မှာ တောင်သူဦးကြီးများ သိရှိပြီးဖြစ်သည်။ သီးနှံများအထွက်တိုးစေရေးအတွက် မြေဆီလွှာပြုပြင်ရေးနည်းလမ်း ဆောင်ရွက်ကြရာတွင် မြေဩဇာများကို သုံးစွဲခြင်းသည်လည်း တစ်နည်းအပါအဝင်ဖြစ်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုကြသော မြေဩဇာများကိုစနစ်တကျ ခွဲခြားကြည့်လျှင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာဟူ၍ သုံးမျိုးတွေ့ရှိနိုင်သည်။ ဓာတ်မြေဩဇာများကို သုံးစွဲခြင်းသည်အပင်ကြီးထွားမှု၊ သီးပွင့်မှုစသည့်အပင်ဇီဝကမ္မဖြစ်စဉ်များကို ချက်ချင်းအကျိုးဖြစ်ထွန်းစေသော်လည်း ရေရှည်သုံးစွဲပါက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပေါ်စေပါသည်။ ဇီဝမြေဩဇာ(ရိုင်ဇိုဘီယံ)သည် သီးနှံအမျိုးအစားအလိုက်၊ မြေအမျိုးအစားအလိုက် ထည့်သွင်းအသုံးပြုရသော မြေဩဇာအမျိုးအစားဖြစ်သည်။ အပင်နှင့်တိရစ္ဆာန်တို၏ ရုပ်ကြွင်းနှင့်အညစ်အကြေးများကို သဘာဝမြေဩဇာအဖြစ် ရှေးယခင်ကတည်းကပင် သီးနှံစိုက်ပျိုးရာတွင် အသုံးပြုခဲ့ကြပြီး ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် ဆက်လက်အသုံးပြုသင့်သော မြေဩဇာအမျိုးအစား ဖြစ်သည်။
သဘာဝမြေသြဇာတွင် နွားချေးအပါအဝင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ သီးနှံအကြွင်းအကျန်၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ နှမ်းဖတ်၊ ပဲဖတ်၊ အရိုးမှုန့်၊ သစ်စိမ်းမြေဩဇာတို ပါဝင်သည်။ သဘာဝမြေဩဇာများကို အခြားပြည်ပနိုင်ငံများတွင်လည်း အသုံးပြုလျက်ရှိပြီး ဓာတ်မြေဩဇာ ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဓာတ်မြေဩဇာများ အသုံးပြုမှုများလာ သည့်အတွက် မြေဆီလွှာတွင် မြေဆီသြဇာ ခန်းခြောက်လာခြင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေခြင်းတိုကြောင့် ဘေးအန္တရာယ်ကင်းသော သီးနှံစိုက်ပျိုး ထုတ်လုပ်မှု အတွက် သဘာဝမြေဩဇာများကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြသည်။
သဘာဝမြေသြဇာတွင် အာဟာရဓာတ် ပါဝင်မှု မှာ ဓာတ်မြေဩဇာထက်နည်းပါးသော်လည်း သီးနှံများလိုအပ်သော အာဟာရဓာတ်စုံများပါဝင်ပြီး ရေရှည်မြေဆီလွှာပြုပြင်ရာတွင် ပိုမိုကောင်းမွန်စေ သော မြေဩဇာအမျိုးအစား ဖြစ်သည်။ သဘာဝမြေဩဇာသည် မြေဆီလွှာ၏ ရူပ၊ ဓာတုနှင့်ဇီဝဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်တိုးတက်စေသည်။ မြေဆီလွှာအတွင်း သဘာဝမြေဆွေးပါဝင်မှု ပမာဏများပါက မြေဆီလွှာအရောင်သည် မည်းမှောင်နက်ခြင်း၊ ရေစိမ့်ဝင်နိုင်မှုကောင်းခြင်း၊ မြေသားဖွဲစည်းမှု ပိုမိုကောင်းမွန်ခြင်းနှင့် မြေသင်းနံ့ကောင်းခြင်းတို ဖြစ်ပေါ်စေသည်။ ထိုကြောင့် သဘာဝမြေဩဇာများကို စနစ်တကျနှင့် နည်းလမ်းမှန်ကန်စွာ အသုံးပြုနိုင်လျှင် မြေဆီလွှာကောင်းမွန်ပြီး သီးနှံအထွက်နှုန်းတိုးမည်မှာ ဧကန် အမှန်ပင် ဖြစ်သည်။
သဘာဝမြေသြဇာကို ဘယ်လို သုံးမလဲ
တောင်သူအများစုမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် သဘာဝမြေဩဇာအဖြစ် နွားချေးကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး အချိုသော တောင်သူဦးကြီးများမှာ နွားချေးသီးသန့်အသုံးပြုကြပြီး အချိုသောတောင်သူများမှာ နွားချေးကို သီးနှံအကြွင်းအကျန်များနှင့် ရောနှောအသုံးကြသည်။ နွားချေးများကို စုဆောင်းသည့် နည်းလမ်းနှစ်မျိုးကိုတွေ့ရပြီး ပထမနည်းမှာနွားများ အိပ်စက်အနားယူနိုင်သော အကျယ်အဝန်းအတိုင်း ကျင်းတူးထားပြီး နွားများစွန့်ပစ်သမျှ ကျင်ကြီး၊ ကျင်ငယ်များ စိုစွတ်ပြီးဗွက်ထလာသည့် အခါတိုင်း အောက်ခင်းများ ထပ်ဖြည့်ခင်းကာ စုဆောင်းသည့်နည်း ဖြစ်ပါသည်။ ဒုတိယနည်းမှာကျင်းကို နွားအောက်တွင်မထားဘဲ သင့်လျော်သော သီးခြားနေရာတွင် အမိုးနှင့်ထားရ၍ နွားချေးများကို နေ့စဉ် နွားတင်းကုပ်မှ သယ်ယူပြီး ကျင်းထဲသိုထည့်ပေးကာ စုဆောင်းသော နည်းဖြစ်သည်။
နွားချေးမြေဩဇာကို အသုံးပြုသည့်အခါ အရေးအကြီးဆုံး အထူးဂရုစိုက်ရမည့်အချက်မှာ နွားချေးသည် “အေး” ရမည်ဖြစ်သည်။ နွားချေး “အပူ” ကို စိုက်ခင်းထဲတွင် မထည့်ရပါ။ ဆိုလိုသည်မှာ နွားချေးသည် ကောင်းစွာဆွေးမြည့်နေရမည်ဟု ဆိုလိုပါသည်။ နွားချေး “အပူ” သည် နွားများ ချက်ချင်းယိုထားသော ပူပူနွေးနွေးချေးနှင့် တင်စား ပြောထားခြင်းသာဖြစ်ပြီး မဆွေးမြည့်သော နွားချေးကို ဆိုလိုပါသည်။ ကောင်းစွာ မဆွေးမြည့်သော နွားချေးများကို သီးနှံစိုက်ပျိုးမြေများတွင်အသုံးပြုလျှင် ဆွေးမြည့်ခြင်းဖြစ်စဉ်မှထွက်ရှိသော အော်ဂဲနစ် အက်စစ်များသည် အပင်ကို အဆိပ်အတောက်ဖြစ်စေ နိုင်သည်။ ထိုပြင် အဏုဇီဝပိုးများသည် အာဟာရဓာတ်များကို ပြိုင်တူစုပ်ယူစားသုံးသည့်အတွက် သီးနှံပင်များအတွက် လိုအပ်သောအာဟာရဓာတ်များကို အလုံအလောက် မရရှိနိုင်ပါ။ ထိုကြောင့် ကောင်းစွာဆွေးမြည့်သော နွားချေးကိုသာ စိုက်ခင်း ထဲတွင် အသုံးပြုရန် အလွန်အရေးကြီးသည်။
အသုံးပြုသောနွားချေးသည် ကောင်းစွာဆွေးမြည့်လျှင် နွားချေးတွင်ပါဝင်သော အာဟာရ ဓာတ်များကို အပင်သည် စားသုံးနိုင်သည့်အပြင် ဆွေးမြည့်သော နွားချေးသဘာဝမြေဩဇာမှ ထွက်ပေါ်လာသော အက်စစ်ဓာတ်ကြောင့် အပင်စားသုံးရန်ခက်ခဲသော သံဓာတ်၊ မန်ဂနိစ်ဓာတ်နှင့် ဖော့စဖိတ်ဓာတ်များကို အပင်သည်အလွယ်တကူ စားသုံးနိုင်သည်။ ထိုကြောင့် နွားချေးမြေသြဇာများကို ကောင်းစွာဆွေးမြည့်အောင် ပြုလုပ်ပြီးမှသာ သုံးစွဲသင့်သည်။
ဘာ့ကြောင့် သဘာဝမြေဩဇာကို သုံးသင့်တာလဲ
ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာများကို အသုံးပြုလျှင်စေးသောမြေကို ဖွယ်စေပါ သည်။ သဲဆန်လွန်းသောမြေကို သိပ်သည်းစေသည်။ ရေအစိုဓာတ်ကို ပိုမိုထိန်းသိမ်းထားနိုင်သည်။ မြေထဲတွင် လေဝင်လေထွက်ကောင်းမွန်စေနိုင်သလို အပူအအေးကိုလည်း မျှတအောင် ထိန်းထားပေးနိုင် ပါသည်။ ထိုပြင် အာဟာရဓာတ်များကို အမြစ်မှ အလွယ်တကူစုပ်ယူစားသောက်နိုင်သည်။ အရေးအကြီးဆုံးအချက်မှာ မြေဆီလွှာအတွင်းရှိ သဘာဝမြေဆွေး (သို) မြေဆီဩဇာဓာတ်ကို ဖြည့်တင်းပေးရုံမျှမက ရေရှည်ကာလတွင် မြေဆီလွှာ အာဟာရဓာတ်များကို ထိန်းသိမ်းထားနိုင်ပါသည်။ ဤအချက်သည် ကုန်ကျစရိတ်များပြီး အပင်အတွက်အာဟာရဓာတ် တစ်မျိုးတည်းသာ ဖြည့်ပေးနိုင်သော ဓာတ်မြေဩဇာများထက် ပိုမိုကောင်းမွန်သောအဓိက အားသာချက်ဖြစ်သည်။
တောင်သူအများစုအသုံးပြုနေကြသည့် ပုလဲမြေဩဇာဟုခေါ်သည့် ယူရီးယားဓာတ်မြေဩဇာကို အသုံးပြုလျှင် နိုက်ထရိုဂျင်ဓာတ်အာဟာရတစ်မျိုး တည်းကိုလည်းကောင်း၊ တီစူပါကိုအသုံးပြုလျှင် ဖော့စဖောရပ်ဓာတ် တစ်မျိုးတည်းကိုလည်းကောင်း၊ ပိုတက်ရှ်ကိုအသုံးပြုလျှင် ပိုတက်ဆီယမ်ဓာတ် တစ်မျိုးတည်းကိုလည်းကောင်း အသီးသီးရရှိစေ မည်ဖြစ်သည်။ အလားတူပင် ကွန်ပေါင်းမြေဩဇာ အသုံးပြုလျှင်လည်း အာဟာရဓာတ်သုံးမျိုး၊ လေးမျိုးသာ ရရှိနိုင်မည်ဖြစ်သော်လည်း သဘာဝမြေဩဇာကို အသုံးပြုခြင်းဖြင့် သီးခြားဝယ်ယူစရာ မလိုဘဲ အာဟာရဓာတ်စုံပါဝင်ပြီး တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တွင် အလွယ်တကူ ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုကြောင့် မိမိတိုမွေးမြူထားသော နွားများကိုစနစ်တကျ မွေးမြူပြီးနွားချေးများကိုစနစ်တကျ သိမ်းဆည်းသိုလှောင်ထားသည့် အလေ့ အကျင့်မျိုး မွေးမြူနိုင်လျှင်လည်း များစွာအကျိုးထူး လှပေသည်။
စိုက်ပျိုးရေးကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော သီးနှံစိုက်ပျိုး ထုတ်လုပ်သူ များအနေဖြင့် စိုက်ပျိုးသည့် သီးနှံအထွက်နှုန်းတိုးမှသာ ဝင်ငွေကောင်းပြီး လူနေမှုဘဝ မြင့်မားနိုင်ပေမည်။ ထိုသို သီးနှံအထွက်တိုးရေး လုပ်ဆောင်ရာတွင် ဓာတ်မြေသြ ဇာတစ်မျိုးတည်းကို နှစ်စဉ်ဆက်တိုက် အသုံးပြုလျှင် မြေဆီလွှာ၏ အရည်အသွေးသည် တဖြည်းဖြည်းကျဆင်းလာပြီး သီးနှံပင်အတွက် လိုအပ်သောအာဟာရဓာတ် လျော့နည်းလာခြင်းဖြင့် အပင်ဖြစ်ထွန်းမှုကိုထိခိုက်ကာ အထွက်နှုန်းလျော့ နည်းလာနိုင်သည်။ ထိုကြောင့် သဘာဝမြေဩဇာများကို မဖြစ်မနေသုံးစွဲရပေလိမ့်မည်။ အလားတူ ယနေ့ခေတ်တွင် ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် စိုက်ပျိုးသော လယ်ယာသီးနှံအချိုနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများတွင် ဓာတ်ကြွင်း အာနိသင်ပါဝင်မှု လျှော့ချနိုင်ရေးတိုအတွက် နွားချေးမြေဩဇာအသုံးပြုရန် အထူးပင် လိုအပ် လာသည်။
အလားတူမြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်း များမှ အများဆုံးထွက်ရှိနေသော ကြက်ချေး၊ ဝက်ချေး၊ ဆိတ်ချေးတိုကို နွားချေးမြေဩဇာကဲ့သို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ကြက်အကောင်တစ်ရာ မှ တစ်ရက်လျှင် ကြက်ချေး ၀ ဒသမ ၀၃ တန်၊ ဝက် နှင့် ဆိတ်မှ ၀ ဒသမ ၀၉ တန်ခန့်ရရှိနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင်ကြက်ချေး ၁၀ ဒသမ ၉၅ တန်နှင့် ဝက်နှင့်ဆိတ်ချေး စုစုပေါင်း ၃၂ ဒသမ ၈၂ တန် ရရှိနိုင်မည် ဖြစ်ပါသည်။ ကြက်ချေး၊ ဝက်ချေးစသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများသည် ဗက်တီးရီးယား၊ မှိနှင့် ဗိုင်းရပ်စ်များ ကပ်ပါးပရိုတိုဇိုဝါးများ၊ ပဋိဇီဝ ပိုးသတ်ဆေးများနှင့် ပဋိဇီဝယဉ်ပါးသော ရောဂါ ပိုးမွှားများ၊ အန္တရာယ်ရှိစေနိုင်သော ဓာတ်ကြွင်း များ၊ 17β estradiol နှင့် testosterone ဟော်မုန်း များဖြစ်သော အီစထရိုဂျင်နှင့် ဒိုင်အောက်ဇင် furans polychlorinated biphenyls နှင့် poly-cyclic aromatic hydrocarbons ကဲ့သိုသော ပိုးသတ်ဆေးများ ပါဝင်နိုင်သဖြင့် ကြက်ချေး၊ ဝက်ချေးတိုကို အခြေပြုသော မြေဩဇာများကို အသုံးပြုမည်ဆိုပါက လူနှင့်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် သတိပြုသုံးစွဲသင့်ပါသည်။
ထိုကြောင့် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ တွဲဖက် လုပ်ကိုင်ပါက မွေးမြူရေးမှ ဝင်ငွေရရှိမည့် အပြင် မွေးမြူရေးမှထွက်သော တိရစ္ဆာန်ချေးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် စိုက်ပျိုးရေးအတွက်လည်း များစွာအထောက်အကူ ပြုနိုင်ပါသည်။ သိုရာတွင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးမြေဆီလွှာများတွင် သဘာဝမြေဩဇာအဖြစ် အသုံးပြုရာတွင် စနစ်တကျအသုံးပြုရန်နှင့် ကောင်းစွာဆွေးမြည့် ပြီးမှသာ အသုံးပြုရန် လိုအပ်ပါသည်။