- အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ Social Influencer အဖြစ်နာမည်ကြော်သူ အိပန်ဆယ်လိုသည် သူမကိုယ်ပိုင် ကုန်စုံဆိုင်ကို မနေကဖွင့်လှစ်ခဲ့ပြီဟု သိရပါတယ်။
- အမေရိကန်ရောက် မြန်မာ့အသိုင်းအဝိုင်းကြားမှာတော့ ထိုသတင်းနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောနေကြပါတယ်။
- အေဒရိယန်ဇော် ဆိုသူက “ဒီနေ့ဆိုင်ဖွင့်ပွဲဆိုလို့ သွားတက်ဖြစ်တယ်ဗျ၊ ဆိုင်က ပစ္စည်းတော်တော်စုံတယ်၊ အပြင်အဆင်လည်းကောင်းတယ်၊ မြန်မာပြည်က ဒေသထွက်တွေလည်း ရှိတယ်၊ မဆိုးဘူး… မပန် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”
- မမျိုးသူဇာ ဆိုသူကတော့ “ဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့ ကောင်းပါတယ်၊ ဒေါ်လာ ၁ သိန်းကျော်လောက် ကုန်သွားတယ်လို့တော့ ကြားမိတယ်၊အမေရိကန်ကိုရောက်ပြီး အချိန်တိုအတွင်းမှာ ဒီလိုဆိုင်မျိုးဖွင့်နိုင်တာ မပန်ကို ချီးကျူးမိတယ်၊ အစ်မ တို့ဆို ဒီရောက်တာ ၁၀ နှစ်ရှိပြီ၊ ခုထိ ရုန်းကန်နေရတုန်းပါ”
- ပန်ဆယ်လိုဟာ မြန်မာနိုင်ငံတွင်းမှာ ပညာရေးနဲ့စီးပွားရေးလုပ်ငန်းတွေ ပျက်ဆီးအောင်၊ အကြမ်းဖက်လုပ်ရပ်တွေ အမျိုးမျိုးပြုလုပ်နေပေမယ့်၊ သူကိုယ်တိုင်ကတော့ အမေရိကမှာ ကုန်စုံဆိုင်ကြီး အေးအေးဆေးဆေးဖွင့်လှစ်လိုက်တဲ့အတွင်း မြန်မာပြည်သူအများစုကတော့ မကျေမနပ်ဖြစ်နေကြပါတယ်။
- အချို့အတွင်းသတင်းများအရတော့
- ပန်ဆယ်လိုဟာ လက်နက်ဝယ်ဖို့အတွက်
- အလှူခံထားတဲ့ အလှူငွေတွေ အလွဲသုံးစား
- ပြုလုပ်လို့ ပြောနေကြပါတယ်။