ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ခဲယမ်းများသယ်ယူရွှေ့ပြောင်းရန် စီစဥ်နေကြောင်း သတင်းအရ ကရင်ချောင်းတံတားနှင့် ရေတာရှည်မြို့ကြား စမ်းကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရေး ဆောင်ရွက်ခဲ့ရာ မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ကရင်ချောင်းတံတားမှ ရေတာရှည်မြို့ဘက်သို့ မောင်းနှင်လာသော ယာဥ်မောင်း ဦးပဏ္ဍိတ (ခ) ဦးဝင်းကြိုင် ၄၄ နှစ် (ဘ) ဦးမောင်ကျော် ဗောဓိကုန်းကျောင်းတိုက်၊ ကရင်ချောင်းကျေး ရွာနေသူ မောင်းနှင်လာသော YGN/RLG-3154 နံပါတ်တပ်ဆင်ထားသော Mark – 2 Crown အမျိုးအစားယာဥ် ၏ နောက်ဖုံးအတွင်း လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပါသည်။
ယာဥ်မောင်း ဦးပဏ္ဍိတ (ခ) ဦးဝင်းကြိုင်နှင့်အတူ အောင်ကျော်ဦး ၂၂ နှစ် (ဘ) ဦးအောင်ရဲကျော် သဲကုန်းမြို့နယ်၊ ကြို့ပင်သာရွာ နှင့် စောကြည်ဖြူကျော် ၂၇ နှစ် (ဘ) ဦးစောဝင်းညွှန့် သံတောင်းကြီးမြို့နယ်၊အင်ဒိုင်းကျေးရွာ တရားခံနှစ်ဦးတို့အားလည်း ယာဥ်ပေါ်တွင်ဖမ်းဆီးရမိခဲ့ပါတယ်။
သတင်းအရ ဆက်လက်စုံစမ်းခဲ့ရာ ညနေ ၆ နာရီချိန်ခန့်တွင် သာဂရဘက်မှ မောင်းနှင်လာသည့် နံပါတ်တပ်ဆင်ထားခြင်းမရှိသော Haojue အမျိုးအစားဆိုင်ကယ်ဖြင့် သန့်ဇင် (ခ) ကိုဇင် ၂၈ နှစ် (ဘ) ဦးခင်စိုး နတ်စင်ကုန်းရပ်ကွက်၊သန်လျင်မြို့၊ ရန်ကုန် တိုင်းဒေသကြီးနေသူ နှင့် ချစ်ထွေး (ခ) အေးမောင် ၂၆ နှစ် (ဘ) ဦးဆန်းလွင် ဗိုလ်စောနောင်လမ်း၊ (၁၆၈)ရပ်ကွက်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူတို့အား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများမှာ
MK-12 အမျိုးအစားသေနတ် (တူရကီနိုင်ငံထုတ်) ၃ လက်၊
FGC-9 အမျိုးအစားသေနတ်(Germany Copyright) ၉ လက်၊
ပွိုင့် ၃၀၃ ရိုင်ဖယ် တစ်လက်၊
၅.၅၆ လက်လုပ်ရိုင်ဖယ် ၄ လက်၊
၅.၅၆မမ ကျည် ၁၀၄၅ တောင့်၊
၇.၆၂မမကျည် ၁၇၆တောင့်၊
၁၂ဗို့ကျည် ၂၃၄တောင့်၊
၉မမကျည် ၂၁၉ တောင့်၊
လက်လုပ်မိုင်း ၄ လုံး၊
လက်ပစ် ဗုံး ၇ လုံး၊
ပုလင်းမိုင်း ၄ လုံး၊
ယမ်းပျော့ ၁၅ထုပ်၊
ဖျူးစ် ၁၂ ချောင်း၊
စနက်တံ ၁၀၀ ခု၊
MK-12 ကျည်အိမ်(ရှည်) ၃ ခု၊
MK-12 ကျည်အိမ်(တို) ၆ ခု၊
FGC-9 ကျည်အိမ် ၉ ခု၊
M -16 ကျည်အိမ်(တို) ၂ ခု၊
M -16 ကျည်အိမ်(ရှည်) ၁ ခု၊
၅.၅၆ လက်လုပ်ကျည်ဘောက် ၉ ခု၊
စနိုက်ပါပြောင်း ၂ ခုနှင့် ဆက်စပ်ပစ္စည်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။








