တောင်ကိုရီးယားနှင့်အမေရိကန်တို့၏စစ်ရေးလေ့ကျင့်မှုချက်ချင်းရပ်ရန် မြောက်ကိုရီးယားတောင်းဆို

ယနေ့ မတ်လ ၅ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂ အား အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့၏ နှစ်နိုင်ငံပူပေါင်းစစ်ရေးလေ့ကျင့်မှုများကိုချက်ချင်းရပ်တန့်ပေးရန်တောင်းဆိုခဲ့ပြီး မြောက်ကိုရီးယား၏ထိန်းချုပ်နယ်မြေများကိုခြိမ်းခြောက်နေမှုမှာ တင်းမာမှုများပိုမိုတိုးမြင့်စေနိုင်သည်ဟုတောင်းဆိုချက်တွင်ဖော်ပြထားပါသည်။

မဟာမိတ်နိုင်ငံများ၏ စစ်ရေးလေ့ကျင့်မှု နှင့် စကားအသုံးအနှုန်းများသည် “တာဝန်ယူမှုကင်းမဲ့စွာဖြင့် စစ်ပွဲများထိပ်တိုက်ရင်ဆိုင်ရနိုင်သည့် အဆင့်ကို မြှင့်တင်ပေးနေပါတယ်”ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kim Son Gyong မှ နိုင်ငံပိုင် သတင်းအေဂျင်စီ KCNAမှ တစ်ဆင့်ထုတ်ပြန်ပြောကြားခဲ့ပါသည်။

crd;PAN