လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူ (၅၄) ဦးတိုအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲများဖြစ်သည့် သီရိပျံချီဘွဲနှင့်ဝဏ္ဏကျော်ထင်ဘွဲများ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း ယနေ့ (မတ် ၂ ရက်)တွင် အမိန့်ကြေညာစာအမှတ် ၇၇/၂၀၂၃ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ ချီးမြင့်မှုအတွင်၌ သီရိပျံချီဘွဲရရှိသူ ၁၇ ဦးပါဝင်ပြီး ဝဏ္ဏကျော်ထင်ဘွဲရရှိသူ ၃၇ ဦးပါဝင်ပြီး ပြန်လည်ထူထောင်ရေးဌာန ဝန်ကြီးဦးရှိန်းထန်းအပါအဝင် ဝန်ကြီး ၆ ပါး၊ ရာထူးဝန်အဖွဲ ဥက္ကဋ္ဌအပါအဝင် ဥက္ကဋ္ဌ ၈ ဦး၊ စာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ်ဦးခင်ဇော်၊ ကချင်ရေးရာဝန်ကြီး ဒူဝါဇော်ရစ်၊ ကရင်ရေးရာဝန်ကြီးစောလူးလူ တို့က သီရိပျံချီဘွဲရရှိခဲ့ခြင်းဖြစ်သည်။

