လာမည့် မတ် ၈ ရက်မှစတင်ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၁၇၉၇၄၂ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၁၇၉၇၄၂ ဦးသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားသူများဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၈ ရက်တွင် မြန်မာစာ၊ ၉ ရက်တွင် အင်္ဂလိပ်စာ၊ ၁၀ ရက်တွင် သင်္ချာ၊ ၁၃ ရက်တွင် ဓာတုဗေဒ၊ ၁၄ ရက်တွင် ရူပဗေဒ၊ ၁၅ ရက်တွင် ဇီဝဗေဒ/ဘောဂ ဗေဒ၊ ၁၆ ရက်တွင် ပထဝီဝင်၊ ၁၇ ရက်တွင် သ မိုင်း၊ ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာတိုအား နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။