(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတုတ္ထရက် ယှဉ်ပြိုင် နေမှုများကို ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးသည်။ ဦးစွာ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ အဖွဲ့ဝင်များနှင့်အတူ နေပြည်တော် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပလျက်ရှိသည့် အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)…