၂၀၂၃ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၉ နာရီ ချိန်တွင်တောင်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအား တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လင်းသီဟကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ရေး အလိုင်းမင်းအဖွဲ့ခေါင်းဆောင် ဦးလှမြင့်၊ ကိုအောင်ကိုကို တို့ ပါဝင်သော အဖွဲ့ သည် လျှပ်စစ်ဓာတ်မီးတိုင်၌ လျှပ်စစ်ဓာတ်အားလိုင်းဖော့စ်ဖြစ်နေမှုအား ပြင်ဆင်ရန်အတွက် ၎င်းအဖွဲ့မှ အလိုင်းမင်း ဦးအောင်ကိုကို(ကိုယ်ရေးစိစစ်ဆဲ)မှ အဆိုပါလျှပ်စစ်ဓာတ်မီးတိုင် အစုံလိုင်း၏ လျှပ်စစ်ဓာတ်မီးတိုင်ပေါ်သို့ တက်ရောက်၍ ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ ၀၉၂၀ နာရီတွင် လျှပ်စစ်ဓာတ်လိုက်၍ ၎င်း၏ခြေထောက်(၂)ချောင်း နှင့် ခန္ဓာကိုယ်အား ဓာတ်လိုက်၍ ဓာတ်မီးတိုင်၌ လျှပ်စစ်ဓာတ်ကြိုးများကြားညှပ်ခဲ့သဖြင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဝန်ထမ်းများ၊ လင်းသီဟကုမ္ပဏီမှ ဝန်ထမ်းများ၊ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့ မှူး၊ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ကြက်ခြေ နီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ရောက်ရှိ၍ ၀၉၄၀ နာရီမှစတင်၍ ၎င်းလျှပ်စစ် ဓာတ်လိုက်ခံရသူအား လျှပ်စစ်ဓာတ်မီးတိုင်ပေါ်မှ ဝိုင်းဝန်းကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၁၀၃၅ ချိန် ကယ်ဆယ်ရရှိခဲ့ပြီး ကြက်ခြေနီလူနာ တင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့၍ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ စဝ်စံထွန်းဆေးရုံသို့ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသ မှုများ ခံယူစေလျက်ရှိကြောင်းသိရှိရပါတယ်….
Related Posts
မင်္ဂလာရှိသော မနက်ခင်းလေးပါ
- admin
- June 13, 2023
စိတ်ဆင်းရဲမှုနောက်ကိုဘယ်သူမှအတင်းမလိုက်ခိုင်းနေပါဘူး ။ မနေတတ်တဲ့ ကိုယ့်စိတ်ကပဲမသိမှုနဲ့လိုက်နေကြတာပါ ။ အလိုလောဘကြောင့်စိတ်မချမ်းသာဖြစ်နေတယ်ဆိုရင်ကိုယ့်အလိုကိုလျော့ရင်ပြေပါတယ် ။ စိတ်မကျေနပ်ချက်ကြောင့်ပူလောင်နေရတယ်ဆိုရင်မေတ္တာနဲ့အစားထိုးရင်ဖြစ်ပါတယ် ။ နှလုံးသွင်းမမှန်လို့စိတ်မချမ်းသာဖြစ်ရတာဟာကိုယ့်သမာဓိ မရှိရာကျပါတယ် ။ အေးချင်းရင်နောက်ဆုတ်လိုက်ပါချမ်းသာချင်ရင်မြတ်တာတွေးပါ ။ အသိဥာဏ်မပါပဲ […]
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
- admin
- February 9, 2024
🌷အရှုံးထဲမှ ရုန်းထွက်နိုင်ပါစေ🌷 ရရှိထားတဲ့လူဘ၀ဟာရောက်လာဖို့လည်းခဲရင်းသလိုပြန်ဖို့လည်း အရမ်းလွယ်ပါတယ် ။ ဘာပဲဖြစ်ဖြစ်ပါနေရသမျှအခိုက်လေးမှာတော့ စိတ်ချမ်းသာအောင်လည်းကြိုးစားစာနာတတ်အောင်လည်းသင်ယူ ။ စိတ်ဓါတ်ကောင်းတွေကိုများများဖြစ်အောင်မွေးမြူလို့ကောင်းတဲ့ဘ၀ကို တည်ဆောက်ပါ ။ အဆင်မပြေမှုတစ်ခုကြုံတိုင်းလှေခါးတစ်ခု ရလိုက်တာလို့မြင်ပြီးကျနေတဲ့ စိတ်ဓါတ်ကိုမြင့် ။ […]
Online လိမ်လည်မှု ၁၁၉ မှုနှင့် Online လောင်းကစားမှု ၅၈ မှုကို အရေးယူနိုင်ခဲ့
- ရှင်ယွန်း
- October 2, 2023
၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှတရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှတရားခံ ၁၃၄ ဦးတိုကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု […]