အိအိချိုချိုလေး၊ ဂျုံ ကြက်ဉခေါက်မုန့်

ကြက်ဉခြောက်လုံး၊ဂျုံတစ်ဆယ်သား၊နို့စိမ်းတစ်ဘူး

အုန်းသီးလေးခြစ်ထားမယ်။

အားလုံးကိုဖောက်ထည့်ခေါက်ပါမယ်။
ရေ- လက်ဖက်ရည်တစ်ခွက်စာ
ဆား-အနည်းငယ်
သကြားပါထည့်ခေါက်ပါ
သကြားကတော့အချိုကြိုက်သလောက်ထည့်ပါ။အရည်ကျဲကျဲပဲဖျော်ပါ

ဒယ်အိုးကိုဆီသုပ်ပြီးအပူပေးပါ။မုန့်ရည်ပါးပါးလောင်းထည့်ပါ။
မုန့်သားကျက်လာရင်အုန်းသီးဖြူးပါမယ်။မီးနည်းနည်းနဲ့လုပ်ပါ.

ပြီးရင် ဒီလိုလေးတွေလိပ်လိုက်ပါမယ်။ခေါက်မုန့်လိုခေါက်လည်းရပါတယ်။
