မိုးကြီးတစ်ယောက် နွားရိုင်းသတ်ပွဲ တပွဲသို့ သွားရောက် ကြည့်ရှုပြီး အပြန်အနီးနားမှစားသောက်ဆိုင် တဆိုင်သို့ ဝင်လိုက်၏ ။ထို့နောက် စားပွဲထိုးမလေးအား
” ဟို ဝိုင်းက ဘာတွေ စားနေတာလဲဗျ “
” အဲ့ဒါက နွားရိုင်းသတ်ပွဲမှာ သေသွားတဲ့ နွားရဲ့ Fighting Ball ဟင်းပွဲပါ ရှင့်ကျမတို့ ဆိုင်ရဲ့ အကောင်းဆုံး ဟင်း ပေါ့ရှင် “
” ကျနော့ကို တစ်ပွဲ ပေးပါ “
” ဆောရီးပါရှင် စိတ်မကောင်းပါဘူးနွားရိုင်းသတ်ပွဲက တနေ့ တပွဲပဲရှိတာဆိုတော့ နွားက တစ်ကောင်ပဲ သေပါတယ်…ဒါကြောင့် တုံကင်လေး ယူထားပီး နောက်နေ့ ပြန်လာခဲ့ပါရှင် “
နောက်နေ့ရောက်သောအခါမိုးကြီး ဆိုင်ရောက်လာသည်။
တုံကင်ယူထားသဖြင့်Fighting Ball ဟင်းပွဲ အဆင်သင့် ရောက်ရှိလာသည်။
မိုးကြီးလည်း မြိန်ရေ ရှက်ရေ စားပြီးနောက်
” ရှင်းမယ်ဟေ့ “
” ဟုတ်ကဲ့ရှင့် လာပါပြီ “
ပိုက်ဆံရှင်းပြီးနောက် မိုးကြီးက စားပွဲထိုးမလေးအား
” နေစမ်းပါဦးဟိုနေ့က ဘေးဝိုင်းက စားနေကြတုန်းက
အလုံးနှစ်လုံးက တော်တော်ကြီးပါတယ်
ဒီနေ့ကြတော့ ဘာလို့ ထန်းလျှက်ခဲ လောက်ပဲ ရှိတာတုန်းဟ “
” အော် ဒါက ဒီလိုရှိပါတယ်ရှင်… …
ဒီနေ့က နွားကနိုင်ပြီး လူသေသွားလို့ပါ ရှင် “
” ငှန့်”
😁😁😁