ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၏ အရှေ့ဘက် ဆင်သေချောင်းအားဖြတ်၍ ရေထိမ်းတံမံပြုလုပ်ကာ ရွာအနောက်ဖက် နေရောင်ပြအင်းကွင်း စိုက်ပျိုးမြေများအတွက် တောင်သူများ သီးနှံစိုက်ပျိုးလွယ်ကူစေရန် လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေခြင်းအခမ်းအနားကို ကျင်းပခဲ့ကြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးဆည်မြောင်းဝန်ကြီးနှင့်ဌာနတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ (၁)၊ ဇေယျာသီရိခရိုင်အုပ်ချုပ်ရေး၊ ပုဗ္ဗသီရိမြို့နယ်အုပ်ချုပ်ရေး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။




