ဖေဖေါ်ဝါရီ ၆ရက် နံနက် ၁ နာရီကျော်က ရန်ကုန် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ကပြောပါတယ်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်၊ သခင်ဘစိန်လမ်းတွင် မီးလောင်မှုဖြစ်ပွားတာ ဖြစ်ပါတယ်။ ယင်းမီးလောင်မှုကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ ငြှိမ်း သတ်မှုကြောင့် ၁ နာရီ ၁၅ မိနစ်မှာမီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။ မီးလောင်တဲ့ ဖြစ်စဉ်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့လည်း မီးသတ်က ပြောပါတယ်။


