မြန်မာနိုင်ငံတွင် အွန်လိုင်းဈေးဝယ်စနစ်ကို စတင်ခေတ်စားစေခဲ့ပြီး ပြည်သူများ၏ နေ့စဉ်ဘဝအတွင်း နှစ်ပေါင်းများစွာ အခြေချခဲ့သည့် Shop App MM သည် ၎င်းတို၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း အပြီးတိုင် ရပ်နားတော့မည်ဖြစ်သည်။ ကုမ္ပဏီဘက်မှ ဧပြီလ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ဤသတင်းသည် အွန်လိုင်းဈေးဝယ်သူများအကြားတွင် များစွာ အံ့အားသင့်စေခဲ့သည်။ ယင်းကဲ့သို လုပ်ငန်းရပ်နားရန် ဆုံးဖြတ်ခြင်းမှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းနှင့်…