ချဲလ်ဆီးအသင်းဟာ ဘင်ဇီကာ ကြယ်ပွင့် ကွင်းလယ်ကစားသမား ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းကလည်း ၎င်းတို့ရဲ့ ယခုဆောင်းရာသီ ပစ်မှတ် စပို့တင်း နောက်ခံအစွန်လူ ပတ်ဒရို ပါရိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ ၎င်းတို့ ကွင်းလယ်လူ အဲရစ်ဆင်အပေါ် ရည်ရွယ်ချက်မရှိ ကြမ်းကြမ်းတမ်းတမ်း ဖျတ်ထုတ်ခဲ့တဲ့ လီဗာပူးလ် တိုက်စစ်မှူးဟောင်း ကာရိုးလ်ရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။
ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ဟာ ပရီးမီးယားလိဂ်ကလပ် နော့သင်ဟမ်ဖောရက်စ် အသင်းထံ အငှားပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် ဖောရက်စ်အသင်းဟာ နယူးကာဆယ် အသင်းမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ရှယ်လ်ဗေးကိုလည်း ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း နောက်ခံအစွန်လူ ဘယ်လာရင်ကတော့ စပို့တင်း လစ္စဘွန်းအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ကိုပါအီတာလျံ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန် အသင်းက အတ္တလန္တာအသင်းကို ၁-၀ နဲ့ အနိုင်ယူကာ ဆီမီးအဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
အက်သလက်တီကို အသင်းဟာ စပါးအသင်းနဲ့ စာချုပ်ဖြတ်သိမ်းလိုက်တဲ့ နောက်ခံအစွန်လူ မတ် ဒိုဟာသီ ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Credit




