ဆီးရီးယားမြောက်ပိုင်း အလက်ပိုမြို့ ရှိခ် မက်ဆော့ ရပ်ကွက်မှာ ငါးထပ်တိုက် အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၁၆ ဦးသေဆုံးခဲ့ကာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက် တနင်္ဂနွေနေ့ မနက် ၃ နာရီမှာ ငါးထပ်အဆောက်အအုံ လူနေတိုက်ခန်း ပြိုကျခဲ့ကြောင်း ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဆီးရီးယား၊ အလက်ပိုမြို့မှာ လူနေအဆောက်အအုံပြိုကျ
