ပြည်တွင်းဝယ်လိုအားကြောင့် ယခုနှစ် သကြားဈေးကောင်းနေ

ယခုနှစ်ကြံရာသီမှာ ပြည်တွင်းဝယ်ယူသုံးစွဲမှုများလာတဲ့အတွက် သကြားဈေးကောင်းရနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

“ပြည်တွင်းဈေးကွက်မှာ သကြားဈေးကောင်းပြီး ဈေးတက်လာတာက မုန့်လုပ်ငန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်လည်ပတ်တဲ့အခါ လိုအပ်ချက်တွေများလာတော့ အဝယ်များပြီး ဈေးကောင်းရလာတာပါ။မနှစ်က သကြားတစ်ပိသာ ၁၀၀၀ ကျော်ပဲရှိပေမယ့် အခုကြံရာသီမှာ သကြားတစ်ပိသာ ကို ၂၆၀၀ နဲ့ရောင်းနေရတယ်။လက်ရှိ သကြားကတော့ ပြည်တွင်းစားသုံးမှုအတွက် အဓိကထား ထုတ်လုပ်ပါတယ်။ ပြည်တွင်းဖူလုံရင်တော့ ပြည်ပတင်ပို့ပါတယ်”လို့ မြန်မာနိုင်ငံသကြားနဲ့ကြံထွက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောတယ်လို့ သိရပါတယ်။