နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်ကြပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်း၊ မြန်မာနိုင်ငံ ဘက်စကက်ဘောအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ (၂၀၂၃) ခုနှစ်တရုတ် နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် ချစ်ကြည်ရေးဘက်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲ အခမ်း အနားကို စတင်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တရုတ်ရိုးရာ နဂါးအကအဖွဲ့များနှင့် ခြင်္သေ့အကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များ၊ ပန်းပွား အကအဖွဲ့ များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဘင်ခရာ တီးမှုတ်၍ အလေးပြုကြပါတယ်။









