နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိ နယ်မြေခံပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေး ဆောင်ရွက်နေမှုများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
တပ်မတော်(ရေ)မှ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် နည်းပြ ၈ ဦး၏ လေ့ကျင့်ရေးစင်မြင့် (Training Tower)တွင် Climbing Wall၊ Fast Rope နှင့် Rappelling Rope ဖြင့် ဆင်းသက်ခြင်း၊ အခက်အခဲအတားအဆီး ယုံကြည် မှုကွင်း ဖြတ်ကျော်ခြင်းတို့အား သရုပ်ပြသ လေ့ကျင့်နေမှုများကို ကြည့်ရှုပြီး ချီးမြှင့်ငွေ များ ပေးအပ်ကာ လေ့ကျင့်ရေးဆိုင်ရာများကို ကောင်းမွန်စွာ သင်ကြားပြသနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့တယ်လို့သိရပါတယ်။