အဆိပ်တွေ နည်းပါးပါစေ
ဘ၀နဲစိတ်ကို ညိုးနွမ်းစေတဲ့
ကိလေသာ အဆိပ်တွေကိုဖယ်ရှာပါ ။
အမုန်းကိုလက်ခံထားသလောက်
ပူလောင်မှုတွေဟာလည်း
ဘယ်လိုမှပျောက်မသွားနိုင်ပါဘူး ။
လိုချင်မှုတွေ အားကြီးသလောက်
ဆင်းရဲမှုတွေဟာလည်း
ဘယ်လိုမှ ပါးလို့မသွားနိုင်ပါဘူး ။
တိမ်မြုတ်နေတဲ့ ချမ်းသာမှုဟာ
မလိုချင် မမုန်းတီးမှုအောက်မှာသာ
ရှာဖွေလို့ ရနိုင်ကြပါတယ် ။
ဒါကြောင့်..ချစ်ခြင်းမုန်းခြင်းတွေနဲ့ပဲ
ကိုယ့်ဘ၀ဟာ ပြီးမသွားသင့်ပါဘူး ။
ကိုယ့်ကိုယ်ကို
အားကိုးထိုက်အောင် နေထိုင်ပြီး
ဘ၀အဆင့်တန်းမြင့်ဖို့ ကြိုးစားပါ ။
ကိုယ်ကိုယ်ကို ချစ်ပြီးတော့
ကောင်းတဲ့အလုပ်တွေမှာသာ
ပျော်မွေ့နိုင်အောင် အမြဲကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏