ပရီးမီးယားလိဂ်သမိုင်းထဲက အဆိုးဆုံး ပွဲဦးထွက် ၇ခု

၁၃၊ ဇန်နဝါရီ၊ ၂၀၂၃

ဂျာအိုဖီးလစ် – ချယ်ဆီး
အက်သလက်တီကိုကနေ အငှားနဲ့ရောက်လာပြီး တစ်ရက်အကြာမှာ ဖီးလစ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။ ပထမပိုင်းအတွင်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့ပေမယ့်လဲ ဒုတိယပိုင်း ၅၈မိနစ်မှာ ဖီးလစ်ဟာ ဖူလ်ဟမ်ညာနောက်ခံလူကို ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး ၃ပွဲပယ်ခံရတော့မှာ ဖြစ်ပါတယ်။

ဆာအူးနီဂွက် – ချယ်ဆီး
၂၀၂၁တုန်းက အက်သလက်တီကိုကနေပဲ အငှားခေါ်ယူခဲ့တဲ့ ဆာအူးဟာ အက်စ်တွန်ဗီလာနဲ့ပွဲမှာ ပွဲဦးထွက်ခဲ့ပေမယ့် အသုံးမဝင်တဲ့ ခြေစွမ်းကြောင့် လူစားလဲခံလိုက်ရပါတယ်။ ထိန်းသိမ်းရခက်တဲ့ ပေးပို့မှုတွေကို လုပ်နေခဲ့တဲ့ ဆာအူးရဲ့ စွမ်းဆောင်ရည်ကို ချယ်ဆီးပရိသတ်တွေကတောင် ‘အသုံးမဝင်တဲ့အမှိုက်’လို့ ဝေဖန်ခဲ့ကြတာပါ။

ပက်ထရစ်အီဗရာ – မန်ချက်စတာ ယူနိုက်တက်
ယူနိုက်တက်မှာ အတည်ငြိမ်ဆုံး ခြေစွမ်းနဲ့အတူ ဂန္တဝင်တစ်ယောက် ဖြစ်လာခဲ့ပေမယ့် ပွဲဦးထွက်ကတော့ အခြေမလှခဲ့ပါဘူး။ မန်ချက်စတာ ဒါဘီရှုံးပွဲမှာ သူ့ရဲ့ ပွဲဦးထွက်ခြေစွမ်းက ဆိုးရွားစုတ်ပြတ်နေခဲ့တာပါ။ ပွဲမတိုင်ခင်မှာ ပါစတာနဲ့ပဲတွေ စားခဲ့ပြီး နေ့လည်ပိုင်း ပွဲကန်ရတဲ့ အတွေ့အကြုံမရှိတာကြောင့် အီဗရာဟာ ပွဲမစခင်ထဲက အန်ခဲ့ရတာဖြစ်ပြီး ပွဲချိန်အတွင်း ဘာလုပ်နိုင်စွမ်းမှ မရှိခဲ့တာကို နောက်ပိုင်းကျမှ သိခဲ့ရတာ ဖြစ်ပါတယ်။

ဂျာဗီညို – အာဆင်နယ်
အာဆင်နယ် ပွဲဦးထွက်ကစားသမားဟာ နယူးကာဆယ် ကွင်းလယ်လူ ဂျိုဝီဘာတန်နဲ့ ရန်ပွဲဖြစ်ခဲ့ကြတာပါ။ နယူးကာဆယ် ဧရိယာထဲ လွယ်လွယ်လေး လဲကျသွားခဲ့တဲ့ ဂျာဗီညိုကို ဘာတန်က ကြမ်းကြမ်းတမ်းတမ်း ဂုတ်ကဆွဲမခဲ့တာကနေ ဂျာဗီညိုက ပြန်ရိုက်လိုက်တာကြောင့် ဘာတန်က ပါးပါးနပ်နပ်နဲ့ မြက်ခင်းပေါ် လဲကျသွားခဲ့တာဖြစ်ပြီး အဲ့ဒါကြောင့်ပဲ ဂျာဗီညိုဟာ အနီကဒ်နဲ့ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

လောရန့် ကိုစီရယ်နီ – အာဆင်နယ်
လီဗာပူးနဲ့ပွဲမှာ ပွဲဦးထွက်ခဲ့စဉ်အတွင်း ကိုစီရယ်နီဟာ ထိခိုက်သွားခဲ့တာကြောင့် ထမ်းစင်နဲ့ ထုတ်သွားခဲ့ရပေမယ့် မြန်မြန် ပြန်ကောင်းလာခဲ့ပြီး ဆက်လက်ကစားခဲ့ပါတယ်။ ဒါပေမယ့်လဲ မကြာခင်မှာပဲ သူ့ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုကြောင့် ၂ဝါ၁နီ ပြသခံလိုက်ရတဲ့နောက် ရွေးချယ်စရာမရှိပဲ ကွင်းထဲကနေ အပြီးတိုင် ထွက်ခွာသွားခဲ့ရတာပါ။

အီမန်နူရယ် ဖရင်ပွန် – အာဆင်နယ်
ကိုစီရယ်နီလိုပဲ ဖရင်ပွန်ဟာ လီဗာပူးနဲ့ပွဲမှာပဲ ၂ဝါ၁နီနဲ့ ထုတ်ပယ်ခံလိုက်ရတာပါ။ အာဆင်နယ်ဟာ အဲ့ဒီ့ပွဲမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့သလို အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြဘဝ အခက်ခဲဆုံး အချိန်တစ်ခု ဖြစ်ခဲ့တာပါ။

သီယာဂိုဆေးဗား – ချယ်ဆီး
ပီအက်စ်ဂျီကနေ ပြောင်းလာခဲ့တဲ့ ဗဟိုနောက်ခံလူဟာ ကနဦးဟာ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်မှုကို လုံးဝ ပြင်ဆင်ထားခဲ့ပုံ မရခဲ့ပါဘူး။ ပထမပိုင်းမှာ ဝက်စ်ဘရွန်းကို ၃-၀ နဲ့ ရှုံးနေခဲ့ချိန်မှာ ဆေးဗားဟာ ဘာလုပ်လို့လုပ်ရမှန်းကို မသိနေခဲ့ပါဘူး။ အဲ့ဒီ့ပွဲက ညံ့ဖျင်းခဲ့မှုဟာ ဆေးဗားကို ပြန်လည်အာရုံစိုက်ဖို့ တွန်းအားဖြစ်စေခဲ့သလို အဲ့ဒီ့နောက်ပိုင်း ဆေးဗားဟာ တည်ငြိမ်တဲ့ နောက်ခံလူတစ်ယောက် ဖြစ်လာခဲ့တာပါ။

Credit