တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေနှင့်တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး ဌာန၊အာရှရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် မစ္စတာလျှိုကျင်းဆုံတို့ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေမှ တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန် ကြီးဌာန၊အာရှရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် မစ္စတာလျှိုကျင်းဆုံ အား ဇန်နဝါရီ ၁၀ ရက်နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်၊နှစ်နိုင်ငံကြား အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်သွားရန်တို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံ အရေးကြီးသည့် စီမံကိန်းများအား အရှိန်အဟုန်မပျက်ဆက်လက်လုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်..
PopularNewsJournal

