ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာ
တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးတိုကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်ခဲ့
ကြောင်းသိရသည်။
ကျေးရွာနေ ဦးချစ်ကိုကိုညိမ်း (၃၈) နှစ်သည် နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ်
၂ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို လိုက်ပါပို့ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့်
ဦးချစ်ကိုကိုညိမ်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းမြင့် (၆၂) နှစ်၏ နေအိမ်သို့ လိုက်ပါပိုဆောင်ပေးခဲ့ပြီး
အဆိုပါနေအိမ် အရောက်တွင် PDF အကြမ်းဖက်သမားများက ဦးသောင်းမြင့်နှင့် ဦးချစ်ကိုကိုညိမ်းတို ၂ ဦးအား
သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ပြန်လည်ထွက်ခွာသွားသဖြင့် ၎င်းတို ၂ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ
သေဆုံးခဲ့ကြောင်း သိရသည်။