လှပသော နေ့တစ်နေ့
ဒီနေ့ ၂၉-၁၂-၂၀၂၂ ရက်နေ့မှာ သူနာပြုနှင့်
ဆေးဘက်ပညာသိပ္ပံဘွဲသင်တန်း အမှတ်စဉ်(၂၀)၊
အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ
သင်တန်း အမှတ်စဉ်(၇) တို့အား မွေးထုတ်ပေးခဲ့ပါပြီ။
သင်တန်းဆင်းပွဲကို တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ်(ကိုယ်စား) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
မိန့်ခွန်းထဲမှာ သတိထားမိတဲ့ အချက်တွေကတော့
- သူနာပြုတွေဟာ ကရုဏာတရားကြီးမားပြီး ကြင်
နာတတ်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ စေတ
နာထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်း
အဆင်းရဲခံနိုင်သူ၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ
စတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံသူတွေဖြစ်။ - သူနာပြုကောင်းတစ်ဦးဖြစ်စေဖို့ “ဝါသနာ၊
စေတ နာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုတဲ့
နာ ၅ နာ ပြည့်စုံဖို့လိုအပ်။ - တပ်မတော်မိသားစုဝင်များကိုသာမက ပြည်သူ
တစ်ရပ်လုံးကို ကျန်းမာရေးစောင့်ရှောက်ပေးရာမှာ
သူနာပြုများ၏ အဓိဌာန်ပြု ကတိသစ္စာ ၉ ချက်နဲ့
အညီ စောင့်ထိန်းလိုက်နာကြ။ - နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်
သုံးသပ်ပြီး တပ်တွင်း/ တပ်ပြင် စည်းလုံးညီညွတ်
ရေးကို မြဲမြံခိုင်မာအောင် တည်ဆောက်ကြ။ - စိန်ရတုဆေးတပ်ဖွဲ့နေ့တိုင် တာဝန်ထမ်းဆောင်ခဲ့
ကြတဲ့ ဆေးဝန်ထမ်းတပ်ဖွဲဝင်များရဲ့ ကောင်းမြတ်
တဲ့ သမိုင်းအစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းကြ။
ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်
အကြီးအကဲက စစ်သူနာပြုတွေကို တပ်မတော်
မိသားစုဝင်များသာမက ပြည်သူလူထုတစ်ရပ်လုံး
ကို စောင့်ရှောက်ဖို့ ပြုစုပျိုးထောင်မွေးထုတ်နေ
တယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။