ဆရာတော်ဘဒ္ဒန္တသီရိဓမ္မဟောကြားတော်မူသောတရားတော်လေးကို ပြန်လည်ဝေမျှချင်ပါတယ်။
ငါကောင်းတာတွေလုပ်ရဲ့သားနဲ့ ကောင်းတာတွေမဖြစ်ပါလားလို့ အပြစ်မမြင်ပါနဲ့။
ကောင်းတဲ့ကံတွေ အကျိုးမပေးနိုင်အောင်လို့ ကိုယ့်ရဲ့ အကုသိုလ်ကံတွေက ပိတ်ထားတာပါ။
အဲဒီအကုသိုလ်ကံတွေကုန်သွားရင် ကောင်းတဲ့ကုသိုလ်ကံတွေလာပါလိမ့်မယ်။
အတိတ်ကလည်းမကောင်းတာတွေလုပ်တယ်။
အခုပစ္စုပ္ပန်မှာလည်း မကောင်းတာတွေလုပ်နေမယ်ဆိုရင် အဲဒီကံတွေက ရှည်ပြီးမဆုံးနိုင်တော့ဘူး။
ဒုက္ခတွေနဲ့ဆင်းဆင်းရဲရဲနေရမယ်။
ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ့်တရားသာ ကိုယ်လုပ်။ အကုသိုလ်ကံတွေက
ပါးပါးလာလိမ့်မယ်။ ကုသိုလ်ကံတွေက ရောက်လာလိမ့်မယ်။
နောက်ကကျွဲကူးရေပါ ပါသလိုမျိုး ဖြစ်ဖြစ်လာလိမ့်မယ်။
အခုနေ ဘုန်းဘုန်းက ရေပေးပါလို့ တောင်းရင် ရေချည်းပဲယူခဲ့လို့ရသလား။
ခွက်ပါ ပါရသလား။
ဘုန်းဘုန်းတောင်းတာကတော့ ရေပါ။
ဒါပေမဲ့ခွက်ကလိုအပ်လို့ကိုပါလာတာမဟုတ်လား။
အဲဒီလိုပါပဲ။ ဒီတရားသာ ကြိုးကြိုးစားစား အားထုတ်ကြပါ။ လောကုတ္တရာရအောင်
အားထုတ်ရင်းနဲ့ လောကီတွေ အကုန်ကပ်ပါ လာပါလိမ့်မယ်။
လောကုတ္တရာ ရေကိုသာ ရအောင်ယူပါ။ လောကုတ္တရာရေနဲ့ထိုက်တန်တဲ့ လောကီရေခွက်ကတော့
သူ့အလိုလို ပါလာပါလိမ့်မယ်။
ကြိုးစားပမ်းစားနဲ့ ကျင့်ကြံအားထုတ်ကြပါယောဂီတို့။
ဘုန်းဘုန်းကြီးဟောကြားခဲ့သော တရားတော်များမှ ကောက်နှုတ်ပူဇော် အပ်ပါသည်။