နေပြည်တော်-ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်ကို DEMU တွဲဆိုင်းအသစ်တွေနဲ့ မကြာခင် ပြေးဆွဲ ပေးနိုင်ဖို စီစဉ်နေတယ်လို မြန်မာ့မီးရထားကသိရပါတယ်။
စတင်ပြေးဆွဲပေးမလဲ ဆိုတာကိုလည်း ကြေညာပေးသွားမယ်လို့ ထုတ်ပြန်ထားပြီး DEMU တွဲဆိုင်းတွေကို
ဂျပန်နိုင်ငံက မှာယူထားတာဖြစ်ပြီး စုစုပေါင်းရထားတွဲ ၂၄ တွဲ ဝယ်ယူထားတာ ဖြစ်ကြောင်းသိရှိရပါတယ်။
လက်ရှိမှာတော့ နေပြည်တော်ကို သွားရောက်လိုတဲ့ ခရီးသည်တွေအနေနဲ့ ရန်ကုန်-မန္တလေး ရထားကိုပဲ စီးနင်းနေရပြီး ခရီးသွားများတဲ့ အစိုးရရုံးပိတ်ရက်မျိုးမှာဆိုရင် နေပြည်တော်-ရန်ကုန် သီးသန့်အထူး ရထားတွေ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်..
မှာထားတဲ့ ရထားတွဲ အသစ်လေးတွေနဲ့ ချစ်ရတဲ့သူ/ မိသားစုတွေနဲ့ ခရီးတွေထွက်ပြီး
ဓာတ်ပုံလေးတွေရိုက်လိုက်ရအောင်…




