ဒီဇင်ဘာ ၁၄ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား
နယ်မြေခံတပ်ရင်းခန်းမ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၂၆)မြို့နယ် တို့ရှိ
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧရာဝတီ
ခန်းမ၌လည်းကောင်း ယနေ့တွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်
တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက်
ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများနှင့်
စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။