ဒီဇင်ဘာလ ၁၃ ရက် ည ၁၈၄၅ အချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မှ ကျိုင်းတုံသို့ သွားရောက်မည့် ကျား ၂ ဦးလိုက်ပါလာသော YGN-1K/9783၊ CROWN (ခဲရောင်)(လိုင်စင်မဲ့) ယာဉ်အား ရပ်တန့်စစ်ဆေးရာ နောက်ခန်းထိုင်ခုံ ၂ ခုကြားရှိ Toolbox အတွင်းမှ အက်တက်စီဆေးပြား ၅၀၂၀ပြား (ဒေသကာလတန်ဖိုးငွေကျပ် ၂၀၀၈ သိန်း)အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။



