Air Tag မှတစ်ဆင့် နောက်ယောင်ခံလိုက်ကာနှောင့်ယှက်ခံရသည့် အမျိုးသမီးများက Apple  ကုမ္ပဏီကို တရားစွဲ

ကမ္ဘာကျော်နည်းပညာကုမ္ပဏီဖြစ်သော Apple ကုမ္ပဏီက ထုတ်လုပ်ထားသည့် Air Tag မှတစ်ဆင့် နောက်ယောင်ခံလိုက်ကာ  နှောင့်ယှက်ခံရသည့်အမျိုးသမီးများက ဗစစူန ကုမ္ပဏီကို တရားစွဲလိုက်ကြောင်းသိရသည်။

Air Tag   ကို  ထုတ်လုပ်ထားရသည့် ရည်ရွယ်ချက်မှာ  လူပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ အလွယ်တကူပျောက်ရှခြင်း မရှိစေရေးအတွက် ထိုကိရိယာမှတစ်ဆင့် ခြေရာခံနိုင်ရန် ဖြစ်သည်။

Apple ကုမ္ပဏီကိုတရားစွဲသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးက ၎င်း၏ရည်းစားဟောင်းသည် Air Tag  ကို ၎င်း၏ကားဘီးအတွင်းထည့်ကာ နောက်ယောင်ခံလိုက်ပြီး ၎င်းကိုနှောင့်ယှက်သည့်အတွက် ထွက်ပြေးနေရသည်ဟု ဆိုသည်။

နောက်ထပ်အမျိုးသမီးတစ်ဦးမှာမူ ၎င်း၏ခင်ပွန်းဟောင်းက Air Tag  ကို ၎င်းကလေး၏ ကျောပိုးအိတ် အတွင်းထည့်၍ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေသည်ဟုဆိုကာ Apple ကုမ္ပဏီကို  တရားစွဲထားခြင်းဖြစ်သည်။

Air Tag  ကိုအသုံးပြု၍ကျူးလွန်သည့် အခြားသောပြစ်မှုများတွင် လူသတ်မှုများအထိပင်ပါဝင်ကြောင်း ဆန်ဖရန်စစ္စကိုမြို့ရှိ ဗဟိုတရားရုံးသို့  လျှောက်ထားချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

Air Tag  ကို အသုံးပြုကာ ထိုသို့သောပုံစံမျိုးဖြင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟူသော စောဒကတက်မှုများကို လက်ခံရရှိသည့် Apple ကုမ္ပဏီက လုံခြုံရေးအရ အဆင့်မြှင့်တင်မှုများ လုပ်ထားသည်ဟုဆိုသည်။

ထိုသို့သော အဆင့်မြှင့်တင်မှုများတွင် Iphone အသုံးပြုသူများအနေဖြင့် ကိုယ်ပိုင်မဟုတ်သည့် Air Tag  က ကိုယ်နှင့်အတူ လိုက်ပါရွေ့လျားနေပါက သတိပေးသည့် စနစ်နှင့် အန်းဒရွိုက်ဖုန်းအသုံးပြုသူများ အနေဖြင့်လည်း ကိုယ့်အနီးဝန်းကျင်တွင် Air Tag များရှိနေခြင်း ရှိ၊ မရှိကိုစစ်ဆေးနိုင်မည့် အပလီကေးရှင်းတို့ကို ထုတ်ပေးထားမှုတို့ ပါဝင်ကြောင်း Apple ကထုတ်ပြန်ထားသည်။                     

Ref: TST