လူတိုင်းမှာကိုယ်ပိုင်အလှတရားရှိကြပါတယ်။ကိုယ့်မှာရှိတဲ့အလှတရားကိုပိုမိုတင့်တယ်အောင်ဆိုရင် ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီအကြောင်းကိုသေချာသိထားပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ အပြင်အဆင်ကိုပြင်တတ်ဖို့ကလည်းအရေးကြီးပါတယ်။အဲ့တာကြောင့် ဒီကနေပြီးတော့ ကိုယ့်မျက်နှာကျကဘယ်လိုပုံလဲဆိုတာဆန်းစစ်ကြည့်လိုက်ရအောင်နော်။ Ovalဘဲဥပုံစံဆိုရင်မျက်နှာဘေးကားတာထက် ပိုရှည်တဲ့ပုံစံမျိုးဖြစ်ပြီးတော့နဖူးကပိုကျယ်သယောင်ထင်ရတဲ့မျက်နှာပုံစံမျိုးပါ။ Squareလေးထောင်ပုံစံမျက်နှာကျမျိုးဟာမျက်နှာအကျယ်နဲ့အရှည်ဟာညီမျှနေတတ်ပြီးလေးထောင့်စက်စက်နဲ့ မေးရိုးလိုင်းတွေနဲ့ တစ်ချို့အချိုးအဆစ်တွေဟာ အထင်းသားပေါ်နေတတ်ပါတယ်။ Roundအဝိုင်းပုံစံမျက်နှာမျိုးဟာမျက်နှာအရှည်နဲ့အကျယ်ကအချိုးအစားညီမျှနေပြီးတော့ဝိုင်းစက်စက်ပုံဟာထင်ရှားလှပါတယ်။အထင်ရှားဆုံးကတော့ပါးရိုးဟာ မျက်နှာပေါ်ကအစိတ်အပိုင်းတွေထဲမှာထင်ထင်ရှားရှားပိုပြီးကြီးမားနေတတ်ပါတယ်။လေးထောင့်မျက်နှာကျနဲ့ဆင်တူရိုးမားရှိပေမယ့်အဝိုင်းမျက်နှာကျရဲ့အချိုးအဆစ်တွေကလေးထောင့်ထက်ပိုပြီးပြေပြစ်ပါတယ်။ […]