ကိုယ်ကပြင်ပခရီးသွားမယ်ဆိုရင်တော့ နိုင်ငံသားမှတ်ပုံတင်ကအဓိကယူသွားရမဲ့ဟာပါ။ဖုန်းအားသွင်းကြိုးနဲ့ဖုန်းနဲကတော့လုံးဝမပါမဖြစ်လေးတွေပါ။ဘာဖြစ်လို့လဲဆိုရင်တော့ ကိုယ်နဲ့အတူတူသွားတဲ့အဖွဲ့ကကွဲသွားတာမျိုး၊ လမ်းပျောက်သွားတာမျိုးဆို မြေပုံကြည့်ရှာလို့ရအောင်ပါ။ကိုယ်သွားမဲ့နေရာဒေသကိုကြည့်ပြီး အဝတ်အစားတွေကိုရွေးထည့်ပါ။ဖိနပ်နောက်တစ်ရံလောက်ယူသွားဖို့ကိုလည်းမမေ့ပါနဲ့။လမ်းခရီးဆိုတာကကိုယ်ကြိုမမြင်နိုင်တဲ့အရာမို့ဖိနပ်ပြတ်သွားတာတို့၊စီးသွားတဲ့ဖိနပ်ကအသစ်ဆိုရင်ပေါက်တတ်လို့ပါ။ပုဝါလည်းယူသွားသင့်ပါတယ်။ ခရီးသွားလို့ဟိုတယ်မှာတည်းရတဲ့အခါ Hotel ကစီစဉ်ထားပေးတဲ့ တစ်ခါသုံးသွားတိုက်တံ၊သွားတိုက်ဆေး၊ဘီး၊ဆပ်ပြာ၊ခေါင်းလျှော်ရည် တစ်ခါသုံးပစ္စည်းတွေကိုမသုံးပဲ ကိုယ့်မှာအခုလိုယူသွားရင် အမှိုက်လည်းကင်းပြီး ပလတ်စတစ်လည်းလျှော့သုံးရာရောက်တာပေါ့။ ဓာတ်ပုံလှလှရိုက်ဖို့၊ […]