၂၀၂၅ အမျိုးသမီးယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဥ်မှာ စပိန်အသင်းက အိမ်ရှင် ဆွစ်ဇာလန်အသင်းကို၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ စပိန်က အနိုင်ဂိုးနှစ်ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းယူခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ စပိန်အသင်းဟာ ပြင်သစ်-ဂျာမနီပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Photos: UEFA Women's Euro 2025