နိုဝင်ဘာလ၊ ၂၉ ရက်နေ့က ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နဲ့
မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်ကစပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့်
ဒေသတည်ငြိမ်အေးချမ်းမှု ရှိနေပြီဖြစ်၍ သေဘောဘိုး ကျေးရွာနှင့် ဘလက်ဒို ကျေးရွာများ၌ နေထိုင်ခဲ့ကြသည့် ပြည်သူများ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး၊ စုစုပေါင်း ၁၁၉ ဦး ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။
