ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ
-ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းတိုက်၊
-ပူတာအိုမြို့ရှိ မန်ပန်ဘုန်းတော်ကြီးကျောင်း၊
-ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့ရှိ နယ်စပ်ဒေသတောင်တန်းသာသနာပြု ရွှေမောင်းသာသနာ ဝေပုလ္လသီလရှင်စာသင်တိုက်၊
-ကွမ်းလုံမြို့ရှိ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်း၊
-ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မိုးကုလားစုကျေးရွာရှိ အောင်ဘုန်းပွင့်ကျောင်းတိုက်၊
-လှည်းကူးမြို့နယ်၊ ဆားတလင်းကျေးရွာရှိ ကျူတောရိုး ကျောင်းတိုက်၊
-သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာရှိ အရှေ့ကျောင်းတိုက်၊
-ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်မြေဘုံသာကျောင်းတိုက်၊
-ကွင်းကောက်မြို့၊ သီရိမင်္ဂလာ ကျောင်းကြီးစာသင်တိုက်၊
-ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊
-အမ်းမြို့နယ်၊ စပ်စီကျေးရွာဘုန်းတော်ကြီးကျောင်း၊
-ဘူးသီးတောင်မြို့၊ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်း၊
-စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ဇိနမာရ်အောင်တပ်ဦး ကျောင်းတိုက်နှင့် မင်္ဂလာရုံကျောင်းတိုက်၊
-ခန္တီးမြို့ရှိ မဟာသုခိတာ ရာမကျောင်း၊
-မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဉပုသ်တောင်ရပ်ကွက်ရှိ ဇိနောဒယသီလရှင် စာသင်တိုက်၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြရံသီပရိယတ္တိစာသင်တိုက်နှင့် နံ့သာတောရ ကျောင်းတိုက်၊ အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာရှိ သန္တာဝတီ သီလရှင်စာသင်တိုက်၊
-မိတ္ထီလာမြို့၊ ရတနာမာရ်အောင်ရပ်ကွက်၊ အောင်ချမ်းသာ ကျောင်းတိုက်နှင့် သရက်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျီးပင်ကုန်းကျေးရွာရှိ ကျီးပင်ကုန်းကျောင်းတိုက်၊
-ကျောက်ပန်းတောင်းမြို့နယ်၊ နွယ်ရိုးတောရဓမ္မရိပ်သာ၊
-ပြင်ဦးလွင်မြို့၊ စစ်ဆေးရုံတပ်ဦးကျောင်းတိုက်၊
-ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရန်အောင်မြင် ကျောင်းတိုက်၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်၊ ပါဠိတက္ကသိုလ်ရေလယ် ကျောင်းတိုက်၊ မြစ်သားမြို့နယ်၊ ဖောင်းခရွှေဘုန်းတော်ကြီးကျောင်း၊
-မကွေးတိုင်း ဒေသကြီး၊ စကုမြို့၊ ဇေယျာမဏ္ဍိတ်သီလရှင်ကျောင်း၊ မိကျောင်းရဲမြို့၊ မင်္ဂလာတပ်ဦး ဘုန်းတော်ကြီးကျောင်း၊ မကွေးမြို့၊ ခေမာသီရိ သီလရှင်စာသင်တိုက်၊ စိတ္တသုခကျောင်း တိုက်၊ ငဖဲမြို့နယ်၊ မြစ်ဖျားကျေးရွာဘုန်းတော်ကြီးကျောင်း၊ ပန်းထိန်းအုပ်စု၊ ဗိုလ်ကုန်း ကျေးရွာ၊ ပွင့်လင်းဘုန်းတော်ကြီးကျောင်း၊
-သရက်မြို့နယ်၊ မုဉ္ဇလီကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ ဆုတောင်းပြည့်ရွာလယ် ဘုန်းတော်ကြီး ကျောင်း၊ ရေနံချောင်းမြို့၊ ဆားတိုင်ဘုန်းတော်ကြီးကျောင်း၊ မင်းဘူးမြို့၊ မုဒိတာသီလရှင် စာသင်တိုက်၊ -ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်ရှိ နဝင်းဝါဆိုဘုန်းတော်ကြီး ကျောင်းတို့မှ
သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ် သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်…

