ပုစွန်ချဥ် လုပ်နည်း

စျေးထဲက ပုစွန်ချဥ်ကို မဝယ်ဘဲ ကိုယ်တိုင်လုပ်စားလို့ရတဲ့ ပုစွန်ချဉ်ပြုလုပ်နည်းလေးကို ပြောပြမယ်နော်။
ပုစွန်ချဥ်လုပ်ဖို့ –
(၁) ပုစွန်၊
(၂) ထမင်း၊
(၃) ဆား၊
(၄) ငှက်ပျောရွက်တို့ လိုအပ်ပါတယ်။
ပြုလုပ်နည်းကတော့-
၁။ ပုစွန်အရွယ်တော် ၁၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။
၂။ ဇကာဖြင့် ရေစစ်ထားပြီး ဆားကို ဟင်းချက်တာထက် နဲနဲပိုထည့်ပြီး ပုစွန်ကို နှံ့အောင်နယ်ပါ။
၃။ ပြီးလျှင် ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။
၄။ နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော်ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်လိုက်ပါ။
၅။ ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက်၊ ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ညထားလိုက်ပါ။
၆။ နောက်တစ်နေ့ အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ပြီး အရည်ထုတ်ပေးပါ။
ထိုအခါ ပုစွန်ချဉ်ပုလင်းမှအရည်များထွက်ကျလာမှာဖြစ်ပြီး ၎င်းအရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။
၇။ အဲ့ဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ်ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်သိမ်းပြီး
စားပါက တစ်ပါတ်၊ ၁၀ ရက်ထိ အထားခံပါတယ်နော်။