မြန်မာတစ်နိုင်ငံလုံးတွင် ကျောက်ဆည်မြိုရှိ သီတင်းကျွတ်ဆင်ပွဲသည် အထူးထင်ရှားကျော်ကြားသည်။ နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့နှင့် လပြည့်နေ့များတွင် ဆင်ပွဲတော် ကျင်းပမြဲဖြစ်သည်။ ဝါး၊ စက္ကူတိုဖြင့် ချိုးထားသော ဆင်ရုပ်အတွင်းလူဝင်၍ အပြိုင်အဆိုင် တီးမှုတ်ကခုန်ကာ လှည့်လည်ကြသည့် ပွဲတော်တစ်မျိုး ဖြစ်သည်။
ဤပွဲတော်မျိုးကာ မြန်မာနိုင်ငံတွင် ကျောက်ဆည် တစ်မြိုတည်း၌သာ ထူးခြားစွာ တွေ့နိုင်ပေသည်။ ပွဲတော်ကား လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာကျော်က စခဲ့ကြောင်း သိရှိရသည်။ ထိုကြောင့် အစိုးရပြန်တန်းဝင် ပွဲတစ်ခုဖြစ်ပြီး ကျောက်ဆည်နယ်တွင်သာမက တစ်ပြည်လုံးပါ ပျံ့နှံကျော်ကြား လူသိများခဲ့ရခြင်းဖြစ်သည်။ ယခုခေတ် လူဝင်ကရသော ဆင်ရုပ်များဖြင့် ဆင်ပွဲကျင်းပခဲ့သည်မှာ နှစ်ပေါင်း(၇၀) ကျော်ခဲ့ပြီဟု ခန့်မှန်းနိုင်သည်။ ယခင်ကမူ ဆင်ရုပ်မုန့်တိုဖြင့် ဘုရားအား ဆွမ်းတော်ကပ်ခဲ့ကြသည်။ ရွှေသာလျောင်းမြတ်စွာဘုရား၏ မုခ်လေးမုခ်တွင် သတ်မှတ်ထားသည့် ဆင်အမျိုးအစားအတိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့ည၌ လှူဒါန်းပူဇော်၍ ဆွမ်းတော်ကြီးကပ် ဘုရားဝပ်တက်ကြသည်။ လပြည့်နေ့မှာ ဆွမ်းတော်တင်ပြီးသည့် ဆင်ရုပ်မုန့်များကို တောင်ပေါ်မှ တောင်အောက်သို ပစ်ချလေ့ရှိသည်။ မျက်မှောက်ကာလ ဆင်လှူပွဲ ကျင်းပပုံ ဆင်လှူပွဲကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင်ကျင်းပကြသည်။ ဝါဝင်ပြီဆိုလျှင် မြိုနယ်အတွင်း၌ ဗေတိုပတ်၊ ဗုံညံဗုံညံ အသံတိုကြားရမြဲ၊ ဆင်များဖြင့် ကျေးရွာရပ်ကွက်အတွင်း ဆင်းပြီး အလှူခံကြခြင်း ဖြစ်သည်။ အလှူခံရငွေဖြင့် ဗုဒ္ဓဝေယျာဝစ္စတိုကို၎င်း၊ အလှူအတန်းစသည်ဖြင့်၎င်း အသုံးပြုကြသည်။ ရွှေသာလျောင်း စေတီတော်သည် ကျောက်ဆည်မြို အရှေ့ဘက်ကပ်လျက်ရှိ ရွှေသာလျောင်း တောင်ထိပ်တွင် တည်ရှိသည်။ တောင်ခြေမှ တောင်ထိပ်အထိ သွပ်မိုးစောင်းတန်း ပြုလုပ်ထားလေသည်။
ဖြစ်ပေါ်လာပုံ
အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် (ဓာတုသေန)မင်းထံတွင် မြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်မြတ်ရှိကြောင်း သိတော်မူ၍ အမတ်လိမ္မာအား ဆင်ဖြူတော်တစ်စီး လက်ဆောင်နှင့် (ဓာတုသေန)မင်းထံ စေလွှတ်တော်မူလေ၏။ အမတ်လိမ္မာသံအဖွဲသည် ရွက်သင်္ဘောဖြင့် သီဟိုဠ်ကျွန်းသို ရောက်သောအခါ ဆင်ဖြူတော် လက်ဆောင်ပေး၍ စွယ်တော်မြတ်ကို တောင်းယူပင့်ဆောင်ရာ ဘုရားသခင် တန်ခိုးတော်ကြောင့် စွယ်တော်မြတ်တစ်ဆူ ပင့်ယူရရှိခဲ့လေသည်။
ရှင်အရဟံလည်း မင်းကြီးအား စွယ်တော်မြတ်ကို နန်းတော်တွင်ထား၍ ကိုးကွယ်သည်ထက် သာသနာတော် ငါးထောင်တိုင်တိုင် ခပ်သိမ်းသော သတ္တဝါအပေါင်းတို ကိုးကွယ်စေခြင်းငှာ စေတီတည်တော်မူသင့်ကြောင်း မိန့်တော်မူ၏။ မင်းကြီးလည်း ငါသည် ဘုရားအဖြစ်သို ရောက်တော်မူမည်မှန်လျှင် စွယ်တော်မြတ်တစ်ဆူ ပွားရန် ဓိဋ္ဌာန်တော်မူ၏။ စွယ်တော်လည်း တစ်ဆူပွား၍ ဆင်ဖြူတွင် တင်ပြီးသော် ကိန်းဝပ်တော်မူလိုသော အရပ်၌ ဆင်ဖြူဝပ်ရန် ဓိဋ္ဌာန်တော်မူပြီး ဆင်ဖြူကို လွှတ်၏။ ဆင်ဖြူလည်း သာလျောင်းတောင်ထက်၌ တစ်ခဏမျှ ရပ်၏။ ထိုမှ ပြက္ခရွေတောင်သို တက်၏။သာလျောင်းတောင်ထိပ်ရှိ စေတီတော်မြတ်အား နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲတော်ပြုလုပ်စေခြင်း၊ သီတင်းကျွတ်လ၌ ရွှေဆင်၊ ငွေဆင်စသော ဆင်(၁ဝ)မျိုးတို၏ အရုပ်တိုကို ပြုလုပ်၍ လှူဒါန်းပူဇော်စေခြင်း၊ ဆွမ်းတော်ကြီး ကပ်လှူပွဲ၊ ဆီမီးပူဇော်ပွဲတိုဖြင့် နှစ်စဉ် ခမ်းနားစွာ ပွဲလမ်းသဘင် ခင်းကျင်း ပြုလုပ်ခဲ့လေသည်။
အနော်ရထာမင်းကြီးသည် စွယ်တော်တင်သော ဆင်ဖြူတော် (ဆင်မယဉ်သာ) အတွက်ကိုလည်း သတိတရ ရည်စူး၍ လှူဒါန်းအမျှပေးဝေရန် အဓိဋ္ဌာန် ထားခဲ့သည့်အတိုင်း ဆွမ်းတော်ကြီးကပ်ပွဲ၊ မြသပိတ်တော်၊ မီးထွန်းပွဲနှင့်အတူ ဆင်မရုပ်တိုဖြင့် ဆင်(၁ဝ)မျိုး လှူဒါန်းရသော ထုံးတမ်းစဉ်လာသည် ကျောက်ဆည်မြိုတွင် အနော်ရထာမင်း လက်ထက်တော်မှ စတင်၍ နှစ်စဉ် ကျင်းပဖြစ်ပေါ်လာခဲ့ပေသည်။
အဓိဋ္ဌာန်
အနော်ရထာမင်းကြီးသည် သာလျောင်းတောင်နှင့် ပြတ်ခရွေတောင်တိုတွင် စေတီများတည်ပြီးနောက် အဓိဋ္ဌာန် ထားတော်မူခဲ့သည်မှာ ”ငါပြုတော်မူသော ကုသိုလ်တော်စေတီတိုအား တစ်နှစ်တစ်ကြိမ် ဆွမ်းဆက်ကပ်လှူဒါန်းကြစေ၊ မမေ့မလျော့ ဆွမ်းတော်ကြီး ကပ်လှူကြသောသူတိုသည် စပါးဆန်ရေ ကောက်ပဲသီးနှံ ဖွံဖြိုးတိုးတက်ချမ်းသာပါစေ။ မေ့လျော့ ပေါ့ဆသူတိုသည် ဆန်ကောနှင့် ကောက်ဆွသာ ကျန်ရှိပါစေ’ ဟုတ် အဓိဋ္ဌာန်ထားတော်မူ၏။ ၎င်းပြင် ရွှေသာလျောင်းစေတီတော်တွင်လည်း ငါ့အား အမျှအတန်း ပေးဝေကြသကဲ့သို စွယ်တော်မြတ်တင်သော ဆင်ဖြူ (ဆင်မယဉ်သာ)ကိုလည်း သတိတရ ဆင် ၁ဝ မျိုးတို၏ အရုပ်တိုဖြင့် ဆွမ်းတော်ကြီးကပ်ပွဲတွင် ထည့်ဝင်လှူဒါန်းပြီး ဆင်ဖြူကို အမျှအတန်း ပေးဝေကြရန် အဓိဋ္ဌာန်ထားတော်မူခဲ့လေသည်။ ထိုကြောင့် ကျောက်ဆည်မြိုတွင် အနော်ရထာမင်းလက်ထက်တော်မှစ၍ ရွှေသာလျောင်းစေတီတော်မြတ်အား သီတင်းကျွတ်လဆန်း ၁ဝ ရက် ၁၅ ရက်နေ့များတွင် ဆွမ်းတော်ကြီးကပ်ပွဲ၊ မီးထွန်းပွဲနှင့်အတူ ရွှေဆင်၊ ငွေဆင်စသော ဆင် ၁ဝ မျိုးတို၏ အရုပ်တိုကို လှူဒါန်းပူဇော်ရသော ဆင်လှူပွဲတော်သည် ယနေ့တိုင် အစဉ်အလာတစ်ရပ် ဖြစ်ခဲ့လေသည်