ယူဂန်ဒါကျန်းမာရေးဝန်ကြီးက အီဘိုလာရောဂါ ကူးစက်မှုအသစ်များ ကျဆင်းခဲ့ကြောင်း ခုခံပြောကြားနေသော်လည်း
အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးရန် နိုဝင်ဘာ ၂၅ ရက်က နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို ပိတ်ထားခဲ့ပါတယ်။
အီဘိုလာရောဂါကြောင့် ကလေးရှစ်ဦး သေဆုံးခဲ့ပြီးနောက် စာသင်နှစ်မကုန်မီသီ သီတင်းပတ်နှစ်ပတ်အလိုတွင် ကျောင်းများကို
ပိတ်ထားရန် ညွှန်ကြားချက်ကို ယခုလအစောပိုင်းက ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။
မူဘန်ဒီနှင့် ကက်ဆန်ဒါတွင် lockdown များချမှတ်ခဲ့သော ယူဂန်ဒါအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ အီဘိုလာရောဂါဖြစ်ပွားသူ
၁၄၁ ဦးတွင် ၅၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကာဖျူးမိန့်များ၊ ခရီးသွားလာမှု တားမြစ်ချက်များနှင့် စျေးများ၊ ဘားများနှင့် ဘုရားကျောင်းများ ပိတ်ထားမှုအပါအဝင် စီမံချက်များကို ထုတ်ပြန်ခဲ့ပါတယ်။ အီဘိုလာရောဂါသည် ခန္ဓာကိုယ်အရည်များမှကူးစက်နိုင်ပြီး အဖျားကြီးခြင်း၊ အော့အန်ခြင်း၊ သွေးယိုခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ခံစားရပါတယ်။