တရုတ်နိုင်ငံ၏ အွန်လိုင်းခရီးသွားဝန်ဆောင်မှုပလက်ဖောင်းဖြစ်သည့် Trip.com က အမေရိကန် ဒေါ်လာ ၇ သိန်းကျော်တန်ဖိုးရှိသည့် အာကာသခရီးသွားအစီအစဉ်ကို စတင်ရောင်းချလိုက်ခြင်းကြောင့် တရုတ်နိုင်ငံအတွင်း အာကာသခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများမြင့်တက်လာသည်။ အဆိုပါခရီးစဉ်သည် စုစုပေါင်း ၆ ရက်ကြာမြင့်မည်ဖြစ်ပြီး ပထမ ၄ ရက်တွင် အာကာသခရီးစဉ်အတွက် လိုအပ်သည့်လေ့ကျင့်မှုများပြုလုပ်ရမည်ဖြစ်သည်။ ပဉ္စမနေ့တွင် အမေရိကန်အာကာသခရီးသွား ကုမ္ပဏီ Virgin Galactic ၏ လေယာဉ်ဖြင့် အာကာသအစွန်းအထိပျံသန်းသည့် မိနစ် ၉၀…