နေတတ်နိုင်စေဖို့
အဆင်ပြေတယ်မပြေဘူးဆိုတာ
ပိုက်ဆံရှိတာနဲ့မဆိုင်ပါဘူး ။
အဆင့်တန်းရှိတယ်မရှိဘူးဆိုတာ
ဝတ်ကောင်းစားလှတွေ
ဝတ်နိုင်ရုံနဲ့လည်း မဆိုင်ပါဘူး ။
အောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာ
အခြံရံများတာနဲ့လည်းမဆိုင်ပါဘူး ။
ရောင့်ရဲနိုင်စွမ်းရှိတယ်ဆိုရင်
ရှိရှိမရှိရှိအဆင်ပြေစွာနေနိုင်ပါတယ် ။
စိတ်ကောင်းလေးတွေရှိရင်
ဘ၀အဆင့်တန်းတွေမြင့်နေပါတယ် ။
သည်းခံနိုင်စွမ်းရှိတယ်ဆိုရင်
အောင်မြင်မှုတွေ ရရှိနေပါတယ် ။
လောဘရဲ့လိုအပ်ချက်တွေနဲ့
ဒေါသရဲ့ မကျေနပ်ချက်တွေကို
လိုက်ဖြည့်ခံစားနေကြမယ်ဆိုရင်
ကိုယ့်ဘ၀တွေ အနေထားတွေဟာ
မချမ်းသာပဲ အဆင်မပြေပဲ
ပူလောင်တဲ့ဘ၀တွေဖြစ်နေကြမှာပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏