အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေ ခေါင်းဆောင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ Vice-President YONN SINAT ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ(ASEAN-PAC)၏ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံထွက်ခွာ
