ကိုယ့်ရဲ့ စိတ်အလှကိုပဲ
မြင်အောင်ကြည့်တတ်ဖို့လိုပါတယ် ။
သူများအဆိုးအကောင်းတွေဆိုတာ
သူများရဲ့ဘ၀တွေပါ
ကိုယ့်နှင့်လုံး၀မသက်ဆိုင်ပါဘူး ။
အတုယူဖိုနှင့်သင်္ခန်းစာယူဖို့ပဲ
သူများဘ၀ကို ကြည့်စေချင်ပါတယ် ။
မဆိုင်တဲ့သူများဘ၀တွေနဲ့
ကိုယ့်ဘ၀ကို မပင်ပန်းစေပါစေနဲ့ ။
ရိုးသားခြင်းအလှတရားတွေ
ကိုယ့်စိတ်မှာ ဘယ်လောက်ရှိသလဲလို့
အမြဲကြည့်ပေးပါ ။
မရှိသေးဘူးဆိုရင်လည်း
အဲ့ဒီကွက်လပ်ကို ဖြည့်စေချင်တယ် ။
ကိုယ့်မှာကောင်းမှုဆိုတဲ့အလှတွေ
ဘယ်လောက် ရှိနေပြီလဲလို့
သေချာလေး ကြည့်ပေးစေချင်တယ် ။
ရှိမထားသေးဘူးဆိုရင်လည်း
ကိုယ့်ဘ၀ကို ပြင်ယူကြစေချင်တယ် ။
မိမိရဲ့စိတ်အလှကို မြင်ပြီးတော့
ကျေနပ်နိုင်ဖို့က အရေးကြီးတာမို့
စိတ်ထားတွေ ပိုလှဖို့ပဲ ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏