အာဂျင်တီးနား-ဆော်ဒီပွဲစဉ်

အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး အာရှဂုဏ်ဆောင်ခဲ့တဲ့ ဆော်ဒီအာရေဘီးယား

Full Time : Argentina 1-2 Saudi Arabia
Messi(10′)(Pen) Al-Sheri(49′)
Al-Dawsari(53′)

အရှေ့ပွဲတွေမှာ အိမ်ရှင် ကာတာ ၊ အီရန် တို့ ရှုံးပွဲ ကြုံတွေ ခဲ့ရပေမယ့် ဆော်ဒီအာရေဘီးယား အသင်းကတော့ နာမည်ကြီး အာဂျင်တီးနား အသင်းကို အနိုင်ကစားပြီး အာရှ ဂုဏ်ဆောင် နိုင်ခဲ့ပါပြီ ။ ကမ္ဘာ့ဖလား သမိုင်းမှာ ပရိသတ်တွေ အားလုံးကို shock ရစေခဲ့တဲ့ နောက်ထပ်ပွဲတစ်ပွဲ ဖြစ်ပြီး ဆော်ဒီ အသင်းရဲ့ ကစားပုံ ၊ စိတ်ဓတ် ၊ ကြိုးစားအားထုတ်မှု ၊ နည်းပြ ရီနက်ဒ် ရဲ့အစီအစဉ် တွေကို မဖြစ်မနေ အသိအမှတ်ပြု ချီးကျူး ရမှာ ဖြစ်ပါတယ် ။ဆော်ဒီ အသင်းဟာ ပြည်တွင်းလိဂ် က ကစားသမားတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ အသင်းပါ ။

အာဂျင်တီးနား အသင်းရဲ့၃၆ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်မှတ်တမ်းကြီးလည်း ရပ်တန့် သွားခဲ့ရပြီး နောက်တစ်ဆင့် တက်ရေး နောက်ပွဲတွေမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ် ။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ဘယ်သူ့ကို သတ်မှတ်ချင်ကြလဲ…

crd;