မိဘဂုဏ် (၁၃) ပါးဆိုသည်မှာ

မိဘမေတ္တာ ကျေးဇူးတရားတွေကို ခိုင်းနှိုင်းတင်စား စာဖွဲ့ ကြတာ လောကဥပမာ အမျိုးမျိုးအဖုံဖုံပါဘဲ။
တကယ်လဲ ကြီးမားလှတဲ့ ခိုင်မာတဲ့ မေတ္တာရှင်ဖြစ်ပါတယ်…
မိဘနှစ်ပါး၏ ဂုဏ်တော် (၁၃) ပါးရှိပါတယ်။ ၄င်းတို့မှာ-
(၁) သုဟဒယဂုဏ်ဆိုတဲ့ အရိုး၊ အကြော၊ အသွေးသားထဲကစိမ့်ပြီး သားသမီးကိုချစ်ခြင်း။
(၂) ဗြဟ္မာဂုဏ်ဆိုတဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာလေးပါးနှင့် စောင့်ရှောက်ခြင်း။
(၃) ဇနေတ္တိဂုဏ်ဆိုတဲ့ အသက်စွန့်ပြီး မွေးသော အမေ၊ အသက်စွန့်ပြီး ရှာကျွေးသောအဖေဖြစ်ခြင်း။
(၄) ပေါသကဂုဏ်ဆိုတဲ့ အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘနှစ်ပါး၏အရိပ်ရခြင်း။
(၅) ပေါသနန္တိဂုဏ်ဆိုတဲ့ လေပူနေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း။
(၆) ဒေဿတာရာဂုဏ်ဆိုတဲ့ စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း၊ ဆွမ်းကပ်နည်း၊ ကြီးသူကိုရိုသေ ငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း။
(၇) အာပါဒကာဂုဏ်ဆိုတဲ့ ဘေးရန်ကင်းစေရန် အသက်စွန့်ပြီး ကာကွယ်စောင့်ရှောင့်ခြင်း။
(၈) တေသယန္တိဂုဏ်ဆိုတဲ့ တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း။
(၉) ပုဗ္ဗာဒေ၀တာဂုဏ်ဆိုတဲ့ အိမ်ဦးနတ် ဖခင်၊မိခင် ဖြစ်ခြင်း။
(၁၀) ပုဗ္ဗာစရိယဂုဏ်ဆိုတဲ့ လက်ဦးဆရာမည်ထိုက်စွာ စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့် သိမ်းသွင်းခြင်း။
(၁၁) ဂေါပါယန္တိဂုဏ်ဆိုတဲ့ စား၀တ်နေရေး၊ ပညာရေး မပူပင်ရအောင် လုပ်ဆောင်ပေးသော အေးသောအရိပ်ပေးခြင်း။
(၁၂) အာယုနေယျဂုဏ်ဆိုတဲ့ ပစ္စည်းလေးပါးဖြင့် ကန်တော့ခံရသည် ပုဂ္ဂိုလ်ဖြစ်ခြင်း။
(၁၃) အနာမဋ္ဌဂုဏ်ဆိုတဲ့ ရဟန်းဆွမ်းမဘုဉ်းမပေးမိ မိဘနှစ်ပါးအား အရင်ဆုံးဆွမ်းစားစေခြင်း အခွင့်ရရှိသော မိဘနှစ်ပါးဖြစ်ခြင်းတို့ဖြစ်ပါတယ်…