၂ဝ၂၂ ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲများကို နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများ အလိုက် သက်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ကျင်းပပြုလုပ်ပြီး တပ်မတော်ဂျူဒို အားကစားပြိုင်ပွဲမှ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို နေလည်ပိုင်းတွင် ဇေယျာသီရိအားကစားရုံ(A) တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူကို တပ်မတော်ဂျုဒိုကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး က လည်းကောင်း၊ ပြိုင်ပွဲအလိုက်တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းများနှင့်တစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများကို တပ်မတော်ဂျူဒိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချူပ် အောင်မျိုးသန့် က လည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ပါတယ်။
ထို့နောက် ဂျုဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၂၁ ခု၊ ငွေတံဆိပ် ၆ခု ၊ ကြေးတံဆိပ် ၆ခု ဖြင့် အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက် ဒိုင်းဆုရရှိသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် က အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက် ဒိုင်းဆုနှင့်ဆင့်ပွား ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရှိရပါတယ်။





